. 9 .

16.6K 2K 141
                                    

[ Zawgyi ]

" ကော .. ကျွန်တော့်ကိုကြည့်ပါဦး..ဘယ်လိုနေလဲ "

ဝမ်ရိပေါ်က သိပ်လည်တယ်..
ရောက်ကထဲက ရှောင်ကျန့်နားအတင်းကပ်နေတာမို့ ဆေးရောင်စုံပေးပြီး မင်းကိုယ်မှာ ခြယ်ထား လို့ပြောလို့တဲ့..
မှန်ကြီးရှေ့ပြေးလိုက် ရှောင်ကျန့်ဆီလာပြလိုက်နဲ့ အခန်းကျဉ်းကျဉ်းလေးထဲ အခေါက်ပေါင်းမနည်း ပြေးလွှာနေတော့တာပဲ..

ရှောင်ကျန့်ရဲ့ ဥပေက္ခာတွေကို မသိသလိုနေတဲ့ ရိပေါ်ကို နောက်ဆုံးတော့ အရင်အတိုင်း personal model လေးပြန်လုပ်ခိုင်းလိုက်ရတာပဲ..
အနည်းဆုံး ရှေ့မှာထိုင်နေရတော့ သူ့နားမကပ်တော့ဘူးပေါ့ဆိုတဲ အတွေးလဲ ပါမှာပေါ့..

" ကျန့်ကော..ကျွန်တော့်ကို အညိုရောင်စပ်ပေးဦး "

ရှောင်ကျန့်က မျက်မှောင်တွန့်လို့ သူ့ကိုလှမ်းကြည့်လာတယ်..

" လုပ်ပါဗျာ..နော် "

လွတ်နေတဲ့ခွက်ထဲ အညိုရောင်စပ်ပြီးပေးလိုက်တော့ ရိပေါ်က လှမ်းယူတယ်..
ခွက်ကိုရော.. ကိုင်ထားတဲ့ ရှောင်ကျန့်လက်ကိုရော..

" ဝမ်ရိပေါ် !! မင်းဘာလုပ်.. "

" ခဏလေး ခဏလေး "

ရှောင်ကျန့်လက်ကို အညိုရောင်ဆေးတွေထဲ ဆွဲနှစ်တယ်..
ပြီးတော့ သူ့ရဲ့ဘယ်ဘက် ရင်အုံမှာ ကပ်တယ်..
မထင်မှတ်ထားတဲ့ အဲဒီလူက ကြောင်အသွားပေမယ့် ရိပေါ်ကတော့ စပ်ဖြီးဖြီးလေးပဲ..

နံရံကပ်ထားတဲ့မှန်ဆီပြေးပြီး သူ့ရင်ဘတ်က အနုပညာလက်ရာလေးကို ပြုံးကြည့်ပြီး ကျေနပ်နေလေရဲ့..

အဲဒီနေ့က ဘာကြောင့်မှန်းမသိ ရှောင်ကျန့် သူ့ကို စကား ထပ်မပြောတော့ဘူး..
ဒါပေမယ့် တမင်ရေမချိုးဘဲ ပြန်သွားတဲ့ ဝမ်ရိပေါ်ကတော့ သူ့အိမ်ပြန်ရောက်တာနဲ့ ဟောက်ရွှမ်းကို တတွတ်တွတ်ကြွားတော့တာပဲ...

ကျိရန်ကော မူးနေတယ် လာခေါ် ဆိုပြီး လိမ်ခေါ်ခံလိုက်ရတဲ့ ဟောက်ရွှမ်းကတော့ တစုံတယောက်ရင်ဘတ်က ဘာမှန်းမသိတဲ့ အညိုကွက်ကြီးကို ပြေးကန်ချင်စိတ်နဲ့ လက်ထဲက ဘီယာဘူးလေးက မွမွကြေလို့..

ငါ့ထက်တောင် ဆိုးသေးတယ်..
ဒီကောင် စောက်ရူး...။

.

Before I Let You GoWhere stories live. Discover now