About BILYG/BILUG

20.4K 1.4K 450
                                    

နောက်ဆုံးတော့ BILUG / BILYG လေးပြီးသွားပါပြီ

အရင်ဆုံး အစအဆုံး ရင်ဘတ်ထဲထည့်လို့ ဖတ်ခဲ့တဲ့သူမှန်သမျှကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်..
ပြီးတော့ ဒီ fic လေးအကြောင်း နည်းနည်း ပြောချင်လို့ပါ..

1. Ending?

Happy ending မဟုတ်ပေမယ့်..
ဝမ်းနည်းရတာ သိပေမယ့် Ending ကို ကိုယ်က Open Ending လို့ သတ်မှတ်ချင်ပါတယ်..
ပြီးတော့ အလေးအနက်ပြောချင်တာက ဒီ Ending က original plot အတိုင်း အဆုံးသတ်ထားတာပါ..
ကြားထဲမှာ အများကြီး စဉ်းစားခဲ့ပေမယ့် မစွန့်လွှတ်နိုင်လို့ ဒီလူဆိုးမက ခေါင်းမာခဲ့တာပါ..

2. Question?

ဘယ်သူက ပိုချစ်တာလဲ ဆိုပြိး မေးတာလေးတွေ့တယ်..
ဒီ အဖြေကိုတော့ Reader တွေလက်ထဲပဲ အပ်ချင်ပါတယ်

Author ရဲ့ သုံးသပ်ချက်လေး လိုချင်ပါတယ် ဆိုတာလေးလဲ တွေ့တယ်..
အမှန်အတိုင်းပြောရရင် အပြင်လူတယောက်အဖြစ်နဲ့ ကိုယ့် fic ကို မသုံးသပ်နိုင်လောက်ဘူးထင်တယ်..
ဒါကြောင့် ဒါကိုလဲ ရှင်လေးတို့လက်ထဲပဲ အပ်ချင်ပါတယ်..

3. Extra?

ရေးလိုက်ရင် ပေါ့သွားမှာစိုးပါတယ်..
ကောနဲ့ က​လေးလေး နှစ်ယောက်ကိုလဲ မနှုတ်ဆက်ချင်သေးပြန်ဘူး..
ဒါကြောင့် မသိသေးပါဘူး..
ဝေခွဲမရဖြစ်နေတုန်းပါပဲ..

4. Characters

အရင်ဆုံး BILUG ထဲက character ၂ ခုကို ဖန်တီးမှုမှာ အပြင်က Xiao Zhan နဲ့ Yibo ကို ထိခိုက်လိုစိတ် တစုံတရာ မပါဘူးဆိုတာ သိစေချင်ပါတယ်..

Yibo..
Yibo ရဲ့ မူလနဂိုပုံစံလေးက Yibo side ကို ပိုကြွအောင် အကုန်လုံးနားလည်အောင် တွန်းပို့ခဲ့တာပါ..
ဒီနေရာမှာ Yibo မဟုတ်ရင် ဇာတ်က အဲလောက်ကြွမယ် မထင်ပါဘူး ( ကိုယ့်အမြင်ပါ )

XZ..
တကယ်တော့ အခုချိန်ထိ ကောရဲ့ side ကို သေချာပုံမဖော်ပြလိုက်နိင်ဘူးဆိုပြီး နောင်တလေး နည်းနည်းရနေတုန်းပါ..
နားလည်ပေးတဲ့ သူတွေကို တကယ် ကျေးဇူးတင်ပါတယ်

5. Credit?  Or Song?

ဒီ Fic ရဲ့ About မှာ " ခင်ဗျားကို ချစ်ရတာ အပြစ်လိုပဲ " ဆိုပြီး ရေးခဲ့ပါတယ်..
အဲဒီစာကြောင်းလေးရယ် Yibo ရဲ့ Character တစ်ခုလုံးကို ဒီ သီချင်းနားထောင်ရင်းနဲ့ idea ရလာတာပါ..
ပြောရရင် ဒီသီချင်းကြောင့် BILUG ကိုဖန်တီးဖြစ်တာပါ..
ကောထွက်သွားပြီး Yibo ဘယ်လိုခံစားရလဲဆိုတာ ပိုပေါ်လွင်စေတာမို့ နားထောင်စေချင်ပါတယ်..

Before I Let You GoWhere stories live. Discover now