. 27.

17K 2K 313
                                    

( Zawgyi )

ညက အင်နဲ့အားနဲ့ ရွာခဲ့တဲ့မိုးရဲ့ လက်ကျန်မိုးဖွဲဖွဲတွေက လမ်းတလျှောက်မှာ အေးအေးစိမ့်စိမ့်..
မနက်ခင်းစောစောမို့ ရှင်းနေတဲ့လမ်းပေါ်မှာတော့ သူတို့ကားလေးက ပုံမှန်လိမ့်တယ် ..

* When the rain is blowing in your face

And the whole world is on your case..

I could offer you a warm embrace

To make you feel my love..

ဖွင့်ထားတဲ့ သီချင်းက ကားထဲမှာ ခပ်တိုးတိုးပျံလွင့်လို့ ..
ရှောင်ကျန့်က သူ့ဘေးကမြင်ကွင်းကို ငေးလို့ပါလာတယ်..
ဒီတခါကတော့ ကားမှန်ပြတင်းဘက်မဟုတ်ဘဲ ကားမောင်းတဲ့ ကောင်လေးဘက်ကို ဖြစ်တယ်..

စိတ်ကောက်ချင်ယောင်ဆောင်နေတဲ့ကောင်လေးကို သူ ချော့ချင်ပါတယ်..
ဒါပေမယ့် ထူပူနေသေးတဲ့ သူ့နှုတ်ခမ်းက သတိတရ လှမ်းလှမ်းဟန့်တယ်..

တစ်ညလေး တူတူမအိပ်ခိုင်းတာ အခုထိ စိတ်ကောက်စရာလိုလို့လားလို့ သူတွေးမိပေမယ့် မနက်က ဆိုဖာမှာ ကွေးကွေးလေးအိပ်နေတဲ့ ရိပေါ်ပုံလေးကို ပြန်ပြေးမြင်မိတော့လဲ သူပဲတကယ်မှားသလိုလို..

ရိပေါ်ကတော့ ကားမောင်းနေရင်း လက်တဖက်နဲ့ ဂုတ်တွေ ပုခုံးတွေကို လက်သီးလေးနဲ့ အသာထုနေတဲ့အပြင် နှုတ်ခမ်းကလဲ ကျွတ်စ်တသပ်သပ်..

" ရိပေါ် "

" .... "

" ညောင်းလို့လား "

" .... "

" အဲဒါကြောင့်ပြောတာ.. ကောက ဘေးအခန်း ပြင်ပေးထားရဲ့နဲ့ ရိပေါ်က.. "

စကားမဆုံးခင် ဒိုင်းခနဲရောက်လာတဲ့ အကြည့်က မကြည်မလင်အကြည့်ဖြစ်တာမို့ ရှောင်ကျန့်က ပါးစပ်ပိတ်လိုက်ရပြန်တယ်..

" ကော နှိပ်ပေးရမလား.. "

" ခုမှ လာဂရုမစိုက်နဲ့ "

" မင်းကလဲ.. "

ရိပေါ်က စိတ်ဆိုးလေ ချစ်ဖို့ကောင်းလေ ဆိုတဲ့ထဲ ပါမယ်ထင်တယ်...
နဂိုထော်တဲ့နှုတ်ခမ်းလေးက စိတ်ကောက်နေရင် ပိုချစ်ဖို့ကောင်းသလို အသည်းယားဖို့လဲကောင်းပြန်တယ်..
ခုလို ဘေးစောင်းကြည့်နေရတဲ့အချိန် ပိုသိသာတာမျိုး..

Before I Let You GoWhere stories live. Discover now