. 22 .

20K 2.3K 396
                                    

( Zawgyi )

" ကော.. ဘယ်တွေလျှောက်သွားနေတာလဲ.. ကျွန်တော့်နားမှာလဲ မနေဘူး "

ဒါ ရှောင်ကျန့် မျက်နှာသစ်ပြီး ရေချိုးခန်းထဲက ထွက်လာလာချင်းကြားရတဲ့စကား..
ကုတင်ပေါ်မှာ အိပ်မှုံစုံမွှားနဲ့ကောင်လေးက လက်တဖက်ကိုလဲ ကမ်းပေးထားသေးတာ..
သဘောကတော့ သူ့နားလာပါပေါ့..

ရိပေါ်အနားသွားရပ်ရင်း နဖူးကိုစမ်းတော့ ခပ်နွေးနွေးဖြစ်နေဆဲ..
သေချာအောင် ပါးတွေ လည်ပင်းတွေထိ ရှောင်ကျန့်က စမ်းကြည့်တယ်..
သူ့ခါးကိုအလိုက်သင့်ဖက်ရင်း မော့ပေးထားတဲ့ မျက်နှာလေးက အပူရှိန်စမ်းပြီးတာတောင် နဂိုအတိုင်းလေးမော့နေတုန်း...

" ခေါင်းတွေလဲ မူးတယ် "

" မင်း ညကမှ မအိပ်တာ.. မူးမှာပေါ့ "

ချွဲတဲ့သူက ချွဲပေမယ့် ရှောင်ကျန့်ကဆူသလို အသံပေါက်သွားတဲ့အခါ ရိပေါ်က နှာခေါင်းလေးရှုံ့တယ်..
တကယ်လဲ ဆူသင့်တယ် မဟုတ်လား..
ညက ရှောင်ကျန့်အိပ်ပျော်ပြီး တရေးနိုးတဲ့အထိတောင် ရိပေါ်က မအိပ်သေးဘဲ သူ့ကိုထိုင်ကြည့်နေပုံရတယ်..
တချက်တချက် တရှုံ့ရှံ့နဲ့ လူကိုလာလာနမ်းနေတာကိုလဲ ရှောင်ကျန့်က ခံစားမိနေသေးတာ...

" ကျွန်တော်က ရူးနေလို့ အိပ်ရမှာလား.. ကောကလဲ "

" ရူးနေတာပဲလေ.. မင်းက "

" မင်း မင်းနဲ့.. ဘာဖြစ်နေတာလဲ ကောကလဲ "

ဘာဖြစ်နေလဲဆိုတဲ့ အမေးကို စိတ်တိုနေတာလို့ ရှောင်ကျန့်က ဖြေချင်ပေမယ့် မြိုသိပ်ထားရတယ်..
ရိပေါ်က သူ့ရင်ဘတ်ကို မျက်နှာလေးနဲ့ပွတ်လာတော့ သက်ပြင်းချရင်း ခေါင်းလေးကိုပွတ်ပေးမိတာလဲ ရှောင်ကျန့်ပဲဖြစ်ပြန်တယ်..

" ကော.. ခေါင်းကလေ.. "

" အင်း "

" ဒီနေ့ညထိ မူးနေမယ်ထင်တယ်နော် "

" အဲဒီတော့.. "

" အခန်းမပြန်တော့ဘူးလေ..နော် "

ရိပေါ်မှာ ဥာဏ်ရောင်စုံက အပြည့်..
သူ ကလေးမထိန်းဖူးပေမယ့် ကြာလာတာနဲ့အမျှ ဒီကောင်လေးနဲ့ကလေးနဲ့ သိပ်မကွာလောက်ဘူးလို့ ရှောင်ကျန့်က တွေးမိနေတော့တာပဲ..

Before I Let You GoWhere stories live. Discover now