( Zawgyi)
ဒီနေ့ရာသီဥတုက ဘယ်လိုရှိလဲ ရှောင်ကျန့်မသိ..
အိမ်ကထွက်လာထဲက လှုပ်ရှားနေတဲ့စိတ်ကို တည်ငြိမ်အောင်ဘယ်လိုလုပ်သင့်လဲဆိုတာကိုပဲ သူက အတွေးများနေခဲ့တာမို့ ထင်တယ်.." ကော.. တကယ်ဖြစ်တယ်နော် "
" အင်း.. ဖြစ်ပါတယ်ဆို "
ကျန်းချန် စိတ်မပူရအောင် ပြောလိုက်ပေမယ့် သူကိုယ်တိုင်လဲ မဝံ့မရဲဖြစ်နေတာတော့အမှန်..
အရင်တပတ်က ဆွေးနွေးခဲ့တဲ့ session မှာ ဟန်ကောက ဒီတပတ်ကစပြီး အပြင်ကနေရာတွေမှာ တွေ့ကြည့်ကြဖို့ ပြောခဲ့တာမို့ သူ အခုစိတ်လှုပ်ရှားနေခဲ့တာ..
ဆိပ်ငြိမ်ရပ်ကွက်ထဲက လူသိပ်မရှိတဲ့ ဒီကော်ဖီဆိုင်က ဟန်ကောရွေးပေးထားတဲ့နေရာဖြစ်သလို ဒီတပတ်အတွက်ပဲ ရည်ညွှန်းတဲ့နေရာလဲဖြစ်ပြန်တယ်..ကားပေါ်က ဆင်းပြီး ခြေလှမ်းဆယ်လှမ်းလောက် လျှောက်ရုံ.. ဆိုင်တံခါးဖွင့်ပြီး ထောင့်တထောင့်မှာ ငြိမ်ငြိမ်လေးထိုင်စောင့်ရုံလို့ ကိုယ့်ကိုယ်ကို အားတင်းထားပေမယ့် တယောက်ထဲဆိုတဲ့ အတွေးမှာ ရှောင်ကျန့်က မသိမသာ ပျော့ညံ့ချင်လာတယ်..
ဒါပေမယ့် သူ့ထက်စိုးရိမ်စိတ်များနေတဲ့ ကျန်းချန်ရဲ့ စိတ်မချသလိုအကြည့်တွေ အပြောတွေကြောင့် သူ မြိုသိပ်ထားမိပြန်တယ်.." ကော.. ပြီးရင် ဖုန်းဆက်လိုက်နော်.. ကျွန်တော် ဒီနားက တဆိုင်ဆိုင်မှာ စောင့်နေမယ်.. ဒါပေမယ့် ဟန်ကောရောက်တာမြင်မှ ကျွန်တော်သွားမှာပါ "
" အင်းပါ.. ဒါဆို ငါဆင်းတော့မယ်နော် "
အရင်ကြိုရောက်နေဖို့ကလဲ သဘောတူညီမှုထဲကတစ်ခုဖြစ်တာကြောင့် ရှောင်ကျန့်က မလွဲမသွေ လုပ်ရမှာပါပဲ..
လှမ်းနေတဲ့ခြေလှမ်းတွေကို ရေတွက်ရင်း ရှောင်ကျန့်က အကျင့်ရနေသလို ဘေးဘီကို ဝေ့ကြည့်ဖြစ်တယ်..
မှန်တံခါးကိုဖွင့်တဲ့အခါ လူအနည်းစုရဲ့ အာရုံတွေက သူ့ဆီရောက်လာတာမို့ မသိမသာ အသက်အောင့်ထားမိတယ်ထင်တယ်..ကောင်တာနောက်က ကောင်မလေးကို menu ထဲက တွေ့ရာ ဖျော်ရည်တခွက်လက်ညိုးထိုးပြလိုက်ပေမယ့် စိတ်က သက်တောင့်သက်သာရှိမနေခဲ့သေး..
YOU ARE READING
Before I Let You Go
General Fictionခင္ဗ်ားကိုခ်စ္ရတာလဲ အျပစ္တစ္ခုလိုပဲ.. ခင်ဗျားကိုချစ်ရတာလဲ အပြစ်တစ်ခုလိုပဲ.. Warning > This fic is not about happy ending so read at your own risk.