. 29 .

18.6K 2K 445
                                    

( Zawgyi )

ပိတ်သွားတဲ့ phone screen ကို အကြောင်းမဲ့သက်သက် ပွတ်ရင်း ရိပေါ် ငိုင်နေမိတယ်..

ကျန့်ကောက ဒီတစ်ခါလဲ သူ့ကို အခွင့်အရေး မပေးခဲ့ဘူး မဟုတ်လား..

တရားဝင်တွဲဖို့ဆိုတာ များလွန်းတဲ့တောင်းဆိုချက်မှန်း သိပေမယ့်လဲ အခု အဲဒီလူ တကယ်တမ်း ငြင်းလိုက်တဲ့ အခါ ထင်ထားတာထက် ပိုပြီးခံရခက်သလိုလို..

' မဖြစ်နိုင်ဘူးထင်တယ် ' တဲ့..
ရှောင်ကျန့် သူ့ကို တကြိမ်တခါလောက်တော့ ယုံကြည်ပေးရင် သိပ်ကောင်းမှာပဲ လို့ ရိပေါ်က မချင့်မရဲတွေးမိတယ်..

နွေးထွေးနိုင်ခွင့်..
စောင့်ရှောက်ပေးခွင့်.
ယုံကြည်စေခွင့်တွေ..

တခါတလေတော့လဲ မတောင်းဆိုဘဲနဲ့ သူ ရဖူးချင်ပါတယ်..
ဒါပေမယ့် သူ့ဘက်က ဘယ်လောက်ဖွင့်ဟဟ  လွမ်းတယ် လို့တောင် တခေါက်တလေ ပြန်မပြောဖူးတဲ့ အဲဒီလူကို သူ ဘယ်လိုတိုက်တွန်းရက်ပါ့မလဲ..

" ရိပေါ်.. ဘာတဲ့လဲ "

ကျိရန်ကောကို ခေါင်းခါပြရင်း ရိပေါ်က ခပ်ဖွဖွပြုံးတယ်..

သူက ဘာအားကိုးနဲ့ တောင်းဆိုမိတာပါလိမ့်..
ဟောက်ရွှမ်းသာရှိနေရင် ငါပြောသားပဲ ဆိုပြီး သူ့ကို ရယ်ချင်ရယ်နေဦးမှာ..

" ကော.. ဟောက်ရွှမ်းကို ချစ်လား "

" ဟင်.. ဘာဆိုင်လို့.. "

" ကျန့်ကောက ကျွန်တော့်ကို ချစ်တော့ချစ်မှာပါနော် "

" ..... "

သိမ်ငယ်စိတ်ကပဲ သံသယတွေကို အားကောင်းလာစေလား သူ မသိ..
အလိုက်အထိုက်ဆိုတာကလွဲပြီး ကျန့်ကောက သူ့ကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူးဆိုတဲ့ အတွေးက စပြီးကိုက်ခဲလာပြီထင်ပါရဲ့..။

.

.

< ဝမ်ရိပေါ် နဲ့ မေလျန်းလျန်းတို့နှစ်ဦး  ချစ်သူတွေဖြစ်ကြောင်းကို အတည်ပြုခဲ့.. >

" ကော !! ဒါဘာလဲ.. ဘယ်လိုဖြစ်တာလဲ "

ရိပေါ် ဒေါသတကြီးဖြစ်နေပေမယ့် သူသိခဲ့တဲ့အချိန်ကတော့ နှောင်းသွားခဲ့ပြီဖြစ်တယ်..
Korea သွားနေတဲ့ လေယာဉ်ချိန်အတွင်း တက်လာခဲ့တဲ့ သတင်းက ဟိုတယ်ရောက်လို့ သူ အိပ်ပျော်နေတဲ့ အချိန်အတွင်းမှာ ဒီသတင်းက ထိပ်ဆုံးရောက်နေခဲ့ပြီ..

Before I Let You GoWhere stories live. Discover now