. 24 .

17K 2.1K 269
                                    

( Zawgyi )

ထုံးစံအတိုင်းပါပဲ..
နိုးထချင်စိတ်မရှိပေမယ့် ပုံမှန်အချိန်မှာပဲ ရှောင်ကျန့်က နိုးပြန်တယ်..
ပုံမှန်ဆို ရုံးသွားဖို့ ပြင်ဆင်ရတော့မှာပေမယ့် ဒီနေ့မှ အိပ်ရာထဲကထဖို့တောင် အားမရှိချင်ဘူး..

အိပ်ရာပေါ်မှာ သူကိုယ်တိုင်ကလွဲပြီး ဘေးနားမှာ ဘယ်သူမှ မရှိတာ သတိထားမိတော့ ရှောင်ကျန့်ကပြုံးတယ်..
ညက ရိပေါ်ရောက်လာတာ တကယ်မဟုတ်ခဲ့ဘူးပဲ..

နောက်ဆုံးတော့လည်း ထင်ထားတဲ့အတိုင်းပဲ..
အဲလိုအဓိပ္ပါယ်ရလောက်တဲ့အပြုံးမျိုးနဲ့ ရှောင်ကျန့်ကပြုံးတယ်..
ဒါက ပျော်နေလို့ မဟုတ်ဘူးဆိုတာလဲ သူ့ကိုယ်သူသိနေပြန်တယ်...

လက်လွှတ်သင့်တာတွေကို လက်လွှတ်ရမယ်..
ခေါင်းမာမာနဲ့ဆုပ်ကိုင်ထားလိုက်ရင် ထွက်သွားချင်တဲ့သူက သူ့ရင်ဘတ်ကို စုံကန်သွားတော့မှာ..
ဒဏ်ရာတွေက မထပ်တာပဲကောင်းပါတယ်..
နာကျင်ရမယ့်သူက ကိုယ်ပဲမို့..။

အိပ်ရာ မျက်နှာသစ်ပြီးတဲ့အခါ ရှောင်ကျန့်က အခန်းပြင်ကိုထွက်တယ်..
လေးလံနေတဲ့ကိုယ်နဲ့ ခဲကိုက်နေတဲ့ ခေါင်းတွေက သူ နေမကောင်းဖြစ်ချင်နေပြီဆိုတာ သိသာစေလာပြန်တယ်..

ရေသောက်ဖို့ ရေခဲသေတ္တာဆီလှမ်းမိတဲ့ ခြေလှမ်းတွေက ထမင်းစားပွဲရှေ့က မြင်လိုက်ရတဲ့အရိပ်တစ်ခုကြောင့် ရပ်တန့်တယ်..
အိပ်မက်လား တကယ်လားသိဖို့ရာ သူ့ကိုယ်သူ တစ်ခုခုလုပ်ပစ်ရမှာပေမယ့် တင်းကျပ်လာတဲ့ ခံစားချက်ကြောင့် လှုပ်ရှားဖို့တောင် ရှောင်ကျန့်က အနိုင်နိုင်ဖြစ်နေခဲ့ပြန်တာ..

" ကော.. နိုးပြီလား.. "

အသံတွေက နီးလာလိုက် ဝေးလာလိုက်ဖြစ်နေတယ်..
မျက်တောင်မခတ် လိုက်ကြည့်နေမိပေမယ့် ရိပေါ်က ဝေဝေဝါးဝါး အိပ်မက်လိုပဲ..
ညက ရိပေါ်တကယ် သူ့ဆီရောက်လာသလား..
ညက ရိပေါ်ထွေးပွေ့မှုနဲ့ သူအိပ်ပျော်ခဲ့တာ တကယ်လား..

တွေးနေရင် ရိပေါ်လို့ထင်ရတဲ့ အရိပ်လေးက သူ့ဆီတရွေ့ရွေ့လျှောက်လာတယ်..
ရှေ့တည့်တည့်မှာရပ်ရင်း ပြုံးပြလာတဲ့အခါ ရှောင်ကျန့်ပြန်ပြုံးပြမိလား မရေရာ..

Before I Let You GoWhere stories live. Discover now