. 20 .

19.9K 2.2K 222
                                    

[ Zawgyi]

< ကော...ကျွန်တော်ရောက်နေပြီ >

ရိပေါ် အခု ကျန့်ကောရဲ့ပန်းချီပြပွဲရှိတဲ့ Hotel မှာရောက်နေခဲ့တယ်..
ဟောက်ရွှမ်းနဲ့ ကျိရန်ကောက အထဲဝင်သွားပေမယ့် သူကသာ အခန်းအပေါက်ဝနား ယောင်လည်လည်လုပ်ရင်း ကျန့်ကောကို စောင့်နေခဲ့တာ...

မတွေ့ရတာ တပတ်လောက်ရှိပြီ..
ဒီရက်ပိုင်း အလုပ်တွေရှုပ်နေတာနဲ့ သူ ကျန့်ကောဆီ မသွားဖြစ်တာမို့ လွမ်းတဲ့စိတ်က အတိုင်းအတာတစ်ခုထိ ဆိုးရွားနေတယ်..

ရိပေါ်က ပျင်းလာတော့ တံခါးနားက ဘုတ်ရှေ့မှာရပ်တယ်..
Artist ဆိုတဲ့ ခေါင်းစဉ်အောက်က Xiao Zhan ဆိုတဲ့ စာလုံးလေးကိုရှာတွေ့တော့ လက်နဲ့ ခပ်ဖွဖွထိရင်း နှုတ်ခမ်းတွေက အလိုလိုပြုံးမိရဲ့ ...
ဒါလေးက သူ့ကိုယ်ပိုင် ပန်းချီဆရာလေး..

ဖြစ်နိုင်ရင် ဘေးနားမှာ ကွင်းစကွင်းပိတ်နဲ့ ဝမ်ရိပေါ်ရဲ့ ကောင်လေး လို့ထည့်ချင်သေးတယ်..
အင်း.. သူလဲ အဲဒီလူနဲ့ပတ်သတ်ရင် ရူးကြောင်ကြောင်နိုင်လာသလိုပဲ..

< အင်း >

တုံးတိလွန်းစွာ ရောက်လာတဲ့စာကို ကြည့်ပြီး ရိပေါ် မျက်မှောင်ကျုံ့နေတုန်းမှာ ကျန်းချန်က သူ့ကိုမြင်သွားပုံနဲ့ အနားရောက်လာတယ်..
ဟိုတယ်ရဲ့ စားသောက်ဆိုင်မှာ တခြားပန်းချီဆရာတွေနဲ့ စကားပြောနေတယ်ဆိုတဲ့ ကျန့်ကောအကြောင်းကိုလဲ အသိပေးလာပြန်တယ် ...

< ရိပေါ် ဝင်ချင်ဝင်နှင့် >

အချိန်ရရင် အဲဒီလူကို တဖွဲ့တနွဲ့စာပို့နည်းတွေ သင်ပေးဦးမယ်လို့ သူ တွေးမိသေးတယ်..
ပန်းချီပြပွဲဆိုတာထက် ပန်းချီဆရာကို လာကြည့်တာဆိုတာကိုလဲ အဲဒီလူသိဖို့ကောင်းတယ်..

အထဲပြန်သွားရမယ်ပြောတဲ့ ကျန်းချန်ကို သူမြန်မြန်ပဲ ခေါင်းညိတ်ပြလိုက်ရင်း lobby က ဆိုဖာပေါ်မှာပဲ ထိုင်စောင့်နေဖြစ်တယ်..
စောင့်နေမယ်ဆိုတဲ့စာလေးကိုလဲ ပို့ဖို့မမေ့..၊

ခဏကြာတော့ ရိပေါ် မျက်နှာမူထားတဲ့ စားသောက်ဆိုင်ကနေ ရှောင်ကျန့်တို့ထွက်လာတယ်...
အဖြူအနက်ကုတ်တွေ ရောနေတဲ့ လူတွေထဲမှာ သူ့လူသားက မှိုင်းညိုညိုနဲ့ ငေးမောချင်စရာ အပြည့်..

Before I Let You GoWhere stories live. Discover now