. 12 .

15.8K 1.9K 105
                                    

[ Zawgyi ]

ကောင်လေးတယောက်ရေနစ်လို့တဲ့..

ခုနလေးကမှ တိတ်ဆိတ်နေခဲ့တဲ့ နယ်ဆေးရုံလေးက အရေးပေါ်case တစ်ခုဝင်လာတဲ့အချိန်မှာတော့  ချက်ချင်းပဲ ရှုပ်ယှက်ခတ်သွားတယ်..

" အားချန် ! အားချန် ! "

ကျန်းလီ ငိုယိုပြီးကုတင်နဲ့အပြိုင်လိုက်ပြေးနေမိတယ်..
ဖြူရာကနေ တကိုယ်လုံး ပြာလုနီးပါးဖြစ်နေတဲ့ ကျန်းချန်ကို ကုတင်ပေါ်တင်ပြီး တွန်းလာတဲ့ လမ်းတလျှောက်လုံးက ရွဲရွဲစိုလို့...

ရေထဲမှာရှိနေတဲ့အချိန် လွန်သွားလို့ အရေးပေါ်ခန်းထဲဝင်လိုက်ရတဲ့ ကျန်းချန်ဘေးကို အားကျန့်ပါးပါးကိုယ်တိုင် လိုက်ဝင်သွားသလို ဆေးရုံကိစ္စတွေကို အားကျန့်ဖေဖေက အကုန်စီစဉ်ပေးနေပေမယ့် သူမကတော့ အရေးပေါ်ခန်းရှေ့မှာပဲ အရုပ်ကြိုးပြတ်ထိုင်နေမိတယ်...

ငါ ဘာလုပ်ရမလဲ ?
ငါ ဘာလုပ်သင့်လဲ ?
အားချန်တစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးဆိုးတွေက သူမကို အသက်ရှူမဝအောင်ဖိညှစ်ထားသလိုမျိုး..

ခုနလေးကတင် ရေကူးပြီးပျော်မြူးနေတဲ့ကလေးက အခု အသက်လုနေရတယ်တဲ့..
သူမ မယုံနိုင်ဘူး.. ဘယ်နည်းနဲ့မှ မယုံနိုင်ဘူး..

အဆင်ပြေမှာပါလို့ ဘေးကနေ ဖေးမပြောပေးနေတဲ့ လူတွေက အားချန်ကို ကယ်ခဲ့တဲ့သူတွေပေမယ့် သူမ ကျေးဇူးတင်ဖို့ကိုတောင် အားမယူနိုင်တော့ဘူး..
 
မျက်ဝန်းတွေကဝါးလာတယ်..
ကိုက်ထားမိတဲ့ နှုတ်ခမ်းက နာလာတယ်..
အဆိုးဆုံးက ရင်ဘတ်ထဲကဆို့တက်ပြီး အသက်ရှူကျပ်လာတာပဲ..

ဘာလို့လဲ? ဘာလို့လဲ?
ဒီကလေးတွေကျမှ...

ဟင် !
တခုခုလွဲမှားနေသလို ခံစားချက်က ရိပ်ခနဲ..

သူမဝုန်းခနဲထရပ်ပြီး ဘေးဘီလိုက်ကြည့်မိတယ်..
အားကျန့်ရော ??

ဒီလို လူတွေအများကြီးနဲ့အတူ ဆေးရုံလိုက်လာမယ့်ကလေးမှ မဟုတ်တာ..
သူမ ခေါင်းတွေချာချာလည်လာတယ်.

အားချန်ကို ရေထဲကကယ်ထုတ်ပြီးနောက်ပိုင်း ကမ်းစပ်ကိုတဖွဲဖွဲရောက်လာတဲ့ လူတွေကြားကနေ တဖြည်းဖြည်းနောက်ဆုတ်သွားတဲ့ ကောင်လေးရဲ့ပုံစံက ရုတ်တရတ် အတွေးထဲဝင်လာတယ်...

Before I Let You GoWhere stories live. Discover now