အပိုင်း (၅၇)

2.5K 345 33
                                    







ညဘက်ရောက်သည့်တိုင် ပြန်မရောက်လာသော ဟွာရှန့်ကြောင့် မို့ရန် စိတ်ပူစပြုလာသည်။ မတော်လို့များ သူမလက်စွပ်ကို ဖျောက်လိုက်ရင် ဘယ်လိုလုပ်ရမည်နည်း။ အခန်းထဲဝင်လိုက်၊ မီးရောင်တစ်စိမှ မထွန်းထားသည့် ဟွာရှန့်၏ အခန်းဘက်သို့ ချောင်းကြည့်လိုက်နှင့် ဗျာများနေရှာသည်။

ဒီလူ… အခုထက်ထိ ပြန်မရောက်လာသေးဘူးလား…. ငါ့ကိုပြောတော့ဖြင့် ယုံကြည်မှု မရှိဘူးလား ဘာလားနဲ့… ပြန်မရောက်လို့ကတော့ အတိုးနဲ့ကို ပြောပစ်ဦးမယ်…..!!!

သူမ ပွစိပွစိ ရေရွတ်နေရင်း နောက်သို့ပြန်အလှည့်တွင် ရုတ်တရက် မြင်လိုက်ရသော သူကြောင့် ခေါင်းမွေးပင် ထထောင်သွားသလား ထင်မိသည်။

"အမလေးးးးးး…. ဗုဒ္ဓ ဘုရားသခင် အလ္လာ ကယ်ပါ…. ခင်ဗျား အသံမပေး ဘာမပေးနဲ့…. လူကို စ စရာများ ထင်နေတာလား…."

"မင်း မအိပ်သေးဘဲ ဒီမှာဘာလုပ်နေတာလဲ…."

"လက်စွပ်ရော…."

"နောက်မှယူ…."

"ဘာ… ခင်ဗျားပြောတော့ တစ်ရက်ပဲဆို စစ်သူကြီး… အချိန်စေ့သွားပြီ… မငှားနိုင်တော့ဘူး…"

"ငါ နောက်၃ရက်ထိ ငှားမယ်ဆိုရင်ရော…."

"မရဘူးဗျ…. ပြန်ပေးတော့…."

"မင်း ငှားမလား… ဒါမှမဟုတ် လက်စွပ်ကို ပြန်မပေးတာ လိုချင်လား….."

"ခင်… ခင်ဗျား… ဒါ သက်သက် ယုတ်တာပဲ….. ပြောတော့ဖြင့် ကတိတည်တယ်ဆိုပြီး…. ဒီလို အနိုင်ကျင့်လို့ရမလား…."

"…………………………."

"ခင်ဗျားကို ဘယ်လိုယုံစားလို့ရတော့မလဲ… သြဇာသီး လာမကျွေးနဲ့… ဟမ်…"

"………………………………."

"ခင်ဗျားပြန်မပေးရင် တစ်သက်လုံး FA ဘဝက မကျွတ်ဘဲ ရောက်ရာအရပ်မှာ ချီးပန်းပါစေ… ရယ်လိုက်တိုင်း သေးထွက်ကျပါစေ…. +×-=$#@%!&*x+…….."

"……………………………….."

"ယူမယ့် မိန်းကလေးတိုင်း သေပါစေ…"

မို့ရန်၏ ပေါက်ပန်းလေးဆယ်နိုင်သော ရေရွတ်သံတို့ တရစပ်ထွက်လာသော်လည်း သူဘာမှ ပြန်မပြော။ နောက်ဆုံးစကားအရောက်မတော့

ကြင်ယာတော် "မို့ရန်"Where stories live. Discover now