3 (UN&ZG)

20.4K 2.2K 76
                                    

(Unicode)
#ချစ်ခြင်း ခြံရံ#၃

ဦးနေလင်းမာန်သည် ရေချိုးမျက်နှာသစ်ပြီးရေချိုးခန်းအပြင်သို့ထွက်လာတော့ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ ထည်ဝါက သူအလုပ်သွားရင်ဝတ်ဖို့အတွက် အဝတ်အစားအပြည့်အစုံ ထုတ်ပေးထားသည်ကို တွေ့ရသည်။

သူ့ကိုကျောပေးကာ ရပ်နေသော ထည့်ဝါရဲ့လည်ပင်းလေးကို ဖြတ်ခနဲနမ်းလိုက်တော့ဆတ်ခနဲတုန်သွားသည့် ခန္ဓာကိုယ်လေ။

ထည်ဝါသည် ဦးနေလင်းမာန်ဘက်သို့လှည့်လာပြီး လက်ထဲမှာအသင့်ကိုင်ထားသော ပုဝါဖြူလေးကိုခြုံပေးလိုက်သည်။သူ့လုပ်ရပ်ကို ကိုကြီးက ဘာကိုသဘောကျသည်မသိ ပြုံး၍နေသည်။

"ကိုကြီး ဒီနေ့အိမ်စောစောပြန်လာခဲ့နော်"

"ငယ်လေး သွားစရာရှိလို့လား"

ထည်ဝါသည် သူဝတ်နေသည့် အင်္ကျီကိုကြယ်သီးကူတက်ပေးနေရင်း သူမေးတာကိုဖြေသည်။မျက်နှာနုနုလေးက ကိုယ်နဲ့ခပ်နီးနီးမို့ ငယ်လေးရဲ့ ဝင်သက်ထွက်သက်က ဦးနေလင်းမာန်မျက်နှာသို့ လာရောက်ထိခက်သည်။

"သွားစရာမရှိပါဘူး ကိုကြီးနဲ့အတူထမင်းလက်ဆုံအတူစားချင်လို့ ငယ်လေးတစ်ယောက်ထဲ ညစာစားရတာ ဘယ်နှစ်ရက် ရှိနေပြီလဲ။ကလေးကလည်း အပြင်မှာ စားသောက်ပြီးမှအိမ်ပြန်လာတာ၊ကိုကြီးကလည်း Dinner ရှိရင်အပြင်မှာပဲ စားခဲ့ရော၊ငယ် တစ်ယောက်ထဲ ညစာစားရတာ အထီးကျန်တယ်"

ဦးနေလင်းမာန်သည် ချစ်ရသူ ငယ်လေးရဲ့ပါးပြင်ကို ဆွဲညစ်လိုက်ပြီး နှုတ်ခမ်းကိုမထိတထိလေး နမ်းလိုက်သည်ဆိုရုံပဲငယ်လေးရဲ့နားရွက်ဖျားလေးတွေ ရဲတက်လာလေသည်။

ငယ်သည်သူနှင့် သားတိမ်လွှာရဲ့တစ်သက် ရှိတော့မည် လက်ထပ်ပြီးသည့်ခုချိန်ထိတောင် သူ့အနမ်းတွေကို ရှက်နေတုန်း။

"အင်း ကိုယ်စောစောပြန်လာခဲ့မယ် ငယ်၊ကိုယ်တောင်းပန်ပါတယ်နော်ကိုယ်ဒီရက်ပိုင်းအတွင်း ငယ့်ကိုပစ်ထားသလိုဖြစ်သွားတယ်"

"ရပါတယ် ကိုကြီးရဲ့၊ငယ်ကသာ အားနာနေရတာ ငယ်ဆိုးသမျှကို ကိုကြီးကအမြဲတမ်း ခွင့်လွတ်နားလည်ပေးနေလို့"

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now