28(UN&ZG)

13.3K 1.2K 22
                                    

# ချစ်ခြင်း ခြံရံ #၂၈

"ကိုကိုရေ မြန်မြန်လုပ်လေ ဖေကြီးတို့အရင်ရောက်နေရင် သားတို့ကိုစောင့်နေရလိမ့်မယ် ဖေငယ်ကအခုမှနေကောင်းခါစကို"

မီးဖိုဆောင်ဘက်ကနေ ပလုပ်ပလောင်းအသံနှင့်လှမ်းပြောနေသော ပိကျီ့ပါ။တိမ်လွှာသည် ညကအလုပ်တွေမပျက်သေးလို့ လုပ်ရင်းအိပ်ရာဝင်နောက်ကျတော့ အခုမနက် စောစောမထနိုင်ခြင်း။ဒီနေ့က ဖေဖေတို့ပြန်လာမည်မို့လေဆိပ်မှာသွားကြိုရမှာဖြစ်သည်။

ပိကျီ့ကတော့ မနက်၅နာရီလောက်ထဲက လှုပ်လှုပ်ယွယွဖြစ်နေသည်။သူ့ကိုလည်း၄နာရီလောက်ကြီးနိုးလို့နိုးနဲ့။တကယ့်မနိုင်စိန်လေး ဒါတောင် သူပြန်အိပ်သွားလို့စိတ်ကောက်နေသေးတယ်။မတက်နိုင်ဘူး မဖွင့်ချင်သေးတဲ့မျက်လုံးကြောင့် အဲ့အဆိုးအဆာလေးကိုပါ ရင်ခွင်ထဲဖမ်းချုပ်ပြီး ပြန်အိပ်လိုက်တယ်။

ညထဲကဖေကြီးဖုန်းဆက်ထဲက ပိကျီ့ကပျော်နေတော့သည်။ဖေငယ့်ကိုအရမ်းတွေ့ချင်နေပြီဆိုတာလည်း ဖုန်းထဲကနေတစ်ဖက်ကပုံရိပ်ကိုကြည့်ရင်းတဖွဖွနဲ့စကားဆိုကာ ချွဲစိန်လုပ်နေသည်။ဒါလားဆေးကျောင်း ပထမနှစ်တက်နေသည့်ကောင်လေးဆိုတာ ပီကျီကကျောင်းမှာတော့မသိ အိမ်မှာတော့တကယ့်ကိုကလေးလေးပဲ။ဆိုးချင်တိုင်းလည်းဆိုးနေတုန်းပဲ။

အရမ်းဆိုးတာပဲကလေးရာလို့ပြောရင် သားကအလိုလိုက်ပေးတဲ့ကိုကိုရှိနေလို့ မဆိုးချင်ပဲဆိုးပေးနေရတာလို့လဲ လူလည်ကျစွာနဲ့ပြောပြီး ချစ်ပြီးရင်းချစ်အောင်လုပ်သည်။

"ကိုကို ဖေကြီးတို့က ဒီလေယာဉ်ချိန်မလား လူတွေတောင်ကုန်နေပြီကိုကိုရ"

တိမ်လွှာက ခုံတစ်ခုမှာထိုင်ပြီးထွက်လာမည့်အပေါက်ကိုကြည့်နေပေမဲ့ ပိကျီ့ကတော့ပန်းစည်းကြီးကိုကိုင်ပြီး သစ်ကုလားအုပ်ကြီးသဖွယ်ပါးစပ်ကလဲတစ်ဖွဖွနဲ့ပေါက်ပေါက်ဖောက်နေတော့သည်။

"လာမှာပါကလေးရဲ့ လူတွေဝင်တိုက်လိမ့်မယ် လာကိုကို့ရင်ခွင်ရှေ့ကို"

ကြိုသည့်လူတွေ၊ပြန်လာသည့်လူတွေ၊တိုးရစ်တွေနဲ့ရောက်ယက်ခတ်နေတာကြောင့် ပိကျီ့ကိုယ်လုံးလေးကို ဆွေ့ခနဲဆွဲကာပဲသူ့ရင်ခွင်ထဲသွင်းလိုက်သည်။ပိကျီ့က သူ့ထက်အရပ်ပုတာကြောင့် တိမ်လွှာရင်ခွင်ထဲမှာမြုပ်လို့နေသည်။ဒါတောင်ခြေဖျားလေးထောက်ကာ အရှေ့ကိုမျှော်ကြည့်နေတုံး။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now