Final Extra(UN&ZG)

19.7K 1.3K 73
                                    

# ချစ်ခြင်း ခြံရံ # (Extra-3)

မှူးတို့မိသားစု အိမ်ပြန်ရောက်သည့်တိုင် မှူးမျက်လုံးထဲမှာ ပန်းရောင်ဂါဝန်လေးနဲ့ အိမ်ထဲပြေးဝင်သွားသည့် ကလေးမလေးသည် အတွေးထဲမှာ ကပ်တွယ်ပါလာသည်။

စိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်တွေကို ရနေသည်။ဘာလဲဆိုတာကိုမသိတော့ မှူးမှာနေလို့မရ။ထိုင်လို့မရ။လျှပ်တပြတ်မြင်လိုက်ရသည့် ထိုကလေးမလေးရဲ့ ခန္ဓာကိုယ်ပေါ်က ညိုမည်းဒဏ်ရာတွေ။အိမ်ထဲကိုပြန်ရတော့မှာကို ကြောက်လန့်နေသည့် ကလေးမလေးရဲ့မျက်ဝန်းထဲက ထိတ်လန့်နေမှု့တွေမြင်နေရသည်။

မှူးမျက်လုံးတို့ကိုမှိတ်လိုက်ပြီး ခေါင်းကိုခါရမ်းပစ်လိုက်သည်။သူ အစိုးရိမ်လွန်နေတာ ဖြစ်မှာပါ။ဒါက သူထင်သလိုမဖြစ်နိုင်ပါဘူး။

"ပိကျီ့ရေ ဒီမှာသားငယ်က ပါးပါးငယ် သိပ်မှ အိပ်မယ်တဲ့.."

အိပ်ခန်းဆီမှ ကိုကိုရဲ့အသံကြောင့် ပိကျီ့ဆိုဖာပေါ်မှထရပ်လိုက်သည်။သားငယ်သည် အမြဲအိပ်ခါနီးဆို ဂျီကျတတ်သည်။သားကြီးလို ပုံပြင်လေးပြော ကျောလေးသပ်ပေးရင်အိပ်သွားတာမျိုးမဟုတ်။ပေါင်ပေါ်မှာ ပွေ့တင်ပြီးသိပ်ရင်သိပ်။မဟုတ်ရင် ချီပြီးလမ်းလျောက်သိပ်ရသည်။ဒါကလည်း တစ်ခါတစ်လေ လူရွေးသေးသည်။ပါးပါးသိပ်မှ ပါးပါးငယ်သိပ်မှနှင့်။

ပိကျီ့အခန်းထဲရောက်တော့ သားကြီးသည် မိသားစုကုတင်ကြီး၏ နံရံဘက်စွန်းလေးမှာ ခွလုံးလေးကိုဖက်ပြီး ကွေးကွေးလေးအိပ်နေလေပြီ။သားငယ်ကတော့ ကိုကို့ ရင်ခွင်ထဲမှာ မျက်ရည်လည်းမထွက်ဘဲ တဂျီဂျီနှင့်အော်နေသည်။မျက်စိတွေကတော့ မပွင့်။အိပ်ချင်တာကို မအိပ်ပဲပေနေပြီး ဂျစ်နေသော အသေးလေး။

ရိပ်တို့အိမ်ကပြန်လာတာ တော်တော်နောက်ကျသည်။အတော်ကြာမှ ပြန်ဆုံကြတာဖြစ်လို့ စကားတွေကပြောလို့မကုန်နိုင်။ကိုကိုနဲ့ကိုခွန်းက လုပ်ငန်းအကြောင်းတွေ။လူမူရေးအကြောင်းတွေ ဆွေးနွေးရင်းတစ်ဖွဲ့ဖြစ်သလို ရိပ်နှင့်မှူးကလည်း ရိပ်ဟိုမှာနေတုန်း ဖြတ်သန်းခဲ့သည့်အရာတွေ။

အမှတ်တရအဖြစ် ရိပ် ရိုက်လာပေးငည့်ဓာတ်ပုံတွေကို ခေါင်းချင်းဆိုင်ကြည့်ရင်း ဟိုစပ်စပ်ဒီစပ်စပ်ပြောမိကြသည်။သားကြီးနဲ့သားငယ်ကတော့ ရိပ်ဝယ်လာပေးသည့်အရုပ်ကြီးနဲ့ မှူးတို့နှင့်မလှမ်းမကမ်းမှာ ဆော့ကြသည်။

You've reached the end of published parts.

⏰ Last updated: Oct 02, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now