22(UN&ZG)

15.9K 1.5K 24
                                    

# ချစ်ခြင်း ခြံရံ #၂၂

"ကိုကို!"

ပိကျီ့လှည့်ကြည့်လိုက်တော့ ကိုကိုရဲ့ပုံစံသည် ဘာကိုမှမကြားလိုက်သလိုနှင့်မို့ ပိကျီ့စိတ်အေးသွားရသည်။

"ဘာရပ်လုပ်နေတာလဲပိကျီ့ရဲ့ ဖေဖေတို့စောင့်နေပြီ သွားမယ်လေ"

"ဗျာ..ဟုတ် ကိုကို"

"ကလေးကတော့လေ အူကြောင်ကြောင်လေးနဲ့"

တိမ်လွှာသည် ပိကျီ့လက်ကိုဆွဲကာမီးဖိုခန်းဘက်သို့ထွက်လာခဲ့သည်။ဦးနေလင်းမာန်နဲ့ဦးထည်ဝါသည် ကိုကိုနဲ့ကျွန်တော့်ကို မြင်တော့ မျက်နှာအနည်းငယ်ပျက်ကာ စိုးရိမ်သွားကြသည်။

ပိကျီ့သည် ထိုအခြေအနေကြီးကိုလျစ်လျူ ရှု့လိုက်ပြီး ဦးနေလင်းမာန်နဲ့ဦးထည်ရဲ့လက်ကိုပြေးတွဲလိုက်သည်။

"ဖေကြီးနဲ့ဖေငယ် သားဗိုက်ဆာနေပြီလို့"

"အင်းဟုတ်သားပဲ ကလေးဆာရောပေါ့။လာထိုင်တော့ ဖေငယ်အကုန်ပြင်ဆင်ပြီးပြီ"

လေးယောက်သား စားပွဲမှာဝင်ထိုင်တော့ပိကျီ့ကဖေကြီးနဲ့ဖေငယ်ပန်းကန်ထဲသို့ ဦးချပေးပြီးမှကိုကို့ပန်းကန်ထဲသို့် ထပ်ထည့်ပေးလိုက်သည်။

ကိုကိုကတော့ ဖေကြီးပန်းကန်ထဲပဲ ထည့်ပေးပြီးထမင်းဆက်စားဟန်ပြင်နေတာကြောင့် ကိုကို့လက်ကို တံတောင်ဖြင့်တွတ်လိုက်သည်။

"ကိုကို ဖေငယ်ကိုလည်းထည့်ပေးလိုက်လေ"

ကိုကိုသည် မတုန်မလှုပ်နှင့်ရှေ့ကဟင်းပန်းကန်တွေကိုပဲငေးနေသည်။ ထည်ဝါသည် သား အခက်တွေ့နေပုံရတာကြောင့်

"ရတယ် တိမ်လွှာ ဦးထည်ကိုထည့်ပေးမနေနဲ့။ကလေးကိုပဲဂရုစိုက်နော်ငါးရိုးလည်း နွှင်ပေးလိုက်အုံး"

ဖေငယ်ရဲ့စကားအဆုံးကိုကိုသည် ဖေငယ့်ပန်းကန်ထဲသို့ မြေပဲငပိချက် တစ်ဇွန်းခပ်ထည့်ပေးလိုက်တာကို ပိကျီ့မတားမိလိုက်ပါ။တားချိန်မရလိုက်တာဆိုမှန်မည်။

ဖေငယ်ဟာကိုကို့ကိုပြုံးကြည့်နေတယ် ပြီးတော့မျက်ရည်တွေဝဲတယ်။ဦးနေလင်းမာန်သည် တိမ်လွှာထည့်ပေးသည့် ငယ့် ပန်းကန်ထဲက မြေပဲငပိချက်ကို သူ့ပန်းကန်ထဲသို့ပြောင်းယူလိုက်သည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now