7(UN&ZG)

16.3K 1.6K 68
                                    

#ချစ်ခြင်း ခြံရံ#၇

သူရိန်နေမင်းသည် ပြတင်းပေါက်လိုက်ကာမှ တဆင့် ကျိုးတို့ကျဲတဲနှင့် ကုတင်ပေါ်မှာ အိပ်နေသည့် တိမ်လွှာ၏မျက်နှာပေါ်သို့ ခစားဝင်နေသည်။မျက်လုံးကိုမဖွင့်ပေမဲ့ အပူဒဏ်ကိုတော့ ခံစားနေရ၏။

အိမ်မှာရှိသော ဒီအိပ်ရာက ကျွန်တော်နဲ့သူစိမ်းဆန်နေသည်မှာ အမှန်ဖြစ်သည်။ပိကျီအိပ်ရာမှာ အိပ်ရတာလောက် နှစ်နှစ်ခြိုက်ခြိုက်ရယ်မရှိလှ။

ဘေးကနေ ပွစိပွစိလေးပြောပြီး တိမ်လွှာရဲ့လက်မောင်းကို တဖြန်းဖြန်းရိုက်ကာ နှိုးမဲ့သူမရှိတော့တာတောင် အရင်လို ဆက်မအိပ်ဖြစ်ခဲ့။နှိုးစရာမလိုပဲကို အကျင့်ဖြစ်နေသည့်မျက်ဝန်းတို့က ပိကျီနှိုးနေကျအချိန်ရောက်တာနဲ့တန်း၍ ပွင့်နေခဲ့သည်။

အနားမှရှိတုန်းတော့ မသိသာပေမဲ့ မရှိတော့မှတော်တော်သိသာလှသည်။ခံစားချက်ကြီးက လန်းဆန်းမနေပဲ ထုံထိုင်းထိုင်းကြီးနှင့် နေလို့မကောင်းလှပါ။

တိမ်လွှာအပြင်သို့မထွက်ဖြစ်သလို အလုပ်သို့လည်းမသွားဖြစ်ပဲ အိမ်တွင်းပုန်းနေတာ ၃ရက်ရှိနေပြီ ဖြစ်သည်။တာရာကလည်း ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပြီး ခေါ်တော်ပါးနေပြီဖြစ်၏။အလုပ်ကလည်း သူမရှိရင်မဖြစ်ပြန်ပါ။

တာရာက Softwareပိုင်းနဲ့Hardwareပိုင်းပဲတာဝန်ယူတာ ကျန်တာက တိမ်လွှာ့အလုပ်တွေချည်းပင်။တွေးနေရင်း ဖုန်းကထမြည်လာတာမို့ ယူကြည့်လိုက်တော့ တာရာဖြစ်နေသည်။

"ခွေးကောင်...ဒီနေ့လည်းမလာဘူးလား?"

"လာမှာပါတာရာရယ်၊ နည်းနည်းတော့နောက် ကျမယ် ငါအခုမှအိပ်ရာထဲမှာပဲရှိနေသေးတယ်"

"အေး လာမယ်ဆိုလည်းပြီးတာပဲ။မနက်စာ စားမနေနဲ့တော့ ဆိုင်ရောက်မှစား မင်းအတွက် မားမားကအုန်းနို့ခေါက်ဆွဲထည့်ပေးလိုက်တယ်"

တာရာ့ကို အေးဟုပြောပြီး ဖုန်းချလိုက်သည်။ကုတင်ပေါ်မှ ပတ်လက်လန်ကာ မျက်နှာကျက်ဖြူဖြူကိုငေးကြည့်ရင်းပိကျီလည်း အုန်းနို့ခေါက်ဆွဲ သိပ်ကြိုက်တာဟု သတိကရမိသွားပြန်သည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now