18(UN&ZG)

15.4K 1.6K 149
                                    

# ချစ်ခြင်း ခြံရံ #၁၈

ကိုယ်ပြောချင်တာတွေပြောခဲ့ပြီး ကိုကိုတို့အိမ်ကတစ်ဇွတ်ထိုးထွက်လာခဲ့တာ အခုမှလက်ထဲ ပိုက်ဆံတစ်ပြားမှ မပါတာသတိရသည်။

နေ့လည်ခင်းမို့ဘာမှမစားရသေးသည့် ဗိုက်ကလည်းသံစုံမြည်နေသည်။ကျော၌လွယ်ထားသော လွယ်အိပ်ကို အခုမှသတိရ၍ အရှေ့သို့ဆွဲယူပြီး ဇစ်ဖွင့်ကြည့်တော့ ပေါင်မုန့်နှစ်လုံးနှင့် ရေဘူးတစ်ဘူးကိုတွေ့တာမို့ယူလိုက်သည်။

ကားခမရှိလို့လမ်းလျှောက်ပြန်ရအောင်လည်းဘယ်မှမသွားတတ်မလာတတ်တဲ့ ပိကျီ့သည်ဘယ်လမ်းကသွားရင်အိမ်ကို ရောက်နိုင်လည်းဆိုတာလည်းမသိပါ။အိမ်ရှိရာကိုမှတ်မိနေတာမို့ လမ်းကိုတော့တစ်ယောက်ယောက်ကိုမေးကြည့်ပြီး သွားမည်ဟုလည်းတွေးလိုက်သည်။

ပါးစပ်ပါသ၍တော့ရွာရောက်တယ် ကိုယ်ဘာသာကိုယ်အားတင်းရင်းမှတ်တိုင်မှာခနထိုင်၍ ပေါင်မုန့်နှစ်လုံးနှင့်ရေကိုသောက်လိုက်သည်။

နည်းနည်းလမ်းလျောက်ရုံရှိသေး အခုမှ မားကိုလိမ်ညာခဲ့လို့ ဘုရားကအပြစ်ပေးသလားပဲ စီးထားသည့် ခြေညှပ်ဖိနပ်လေးက ထပ်ပြတ်ပါတော့တယ်။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့စကားပုံရှိပေမဲ့အခုဟာကနွေခေါင်ခေါင်ကြီးမို့မိုးမရွာတာကိုပဲ ပိကျီ့မှာကြံဖန်ပြီး ကျေးဇူးတင်နေမိသည်။

အနည်းငယ်လမ်းလျောက်လိုက် နေကပူလို့ခနရပ်ပြီးနားလိုက်နဲ့ ဖိနပ်ကမပါတော့ပူလွန်းတဲ့ကတ္တာရာလမ်းမှာ ခြေလှမ်းကမတွင်။

"အချစ်ဒုက္ခ အချစ်ဒုက္ခ အချစ်ဒုက္ခ။ပူတယ် ပူတယ် ပူတယ်။အေး ပူရင်ပူတယ်မှတ်!"

တစ်ယောက်ထဲပါးစပ်ကနေပွစိပွစိနှင့်ရွတ်ပြီး သွားနေတုန်း ဘေးနားမှာ ကားတစ်စီးရပ်လိုက်တာကြောင့် လှည့်ကြည့်လိုက်သည်။

"ရိပ်...!"

ပိကျီ့သည်အခုချိန်မှာ ကယ်တင်ရှင်ကြီး ရိပ်ကိုမြင်လိုက်ရတာမို့ အတိုင်းမသိကိုပျော်သွားသည်။

ရိပ်ကတော့ထုံးစံမပျက်စိတ်ပူနေသော အကြည့်တွေနဲ့သူ့အနားသို့ အမြန်လျောက်လာသည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now