Extra-2(UN&ZG)

11.2K 1K 30
                                    

# ချစ်ခြင်း ခြံရံ # (Extra-2)

#၂နှစ်ခန့်ကြာသော်

မိုးစက်မိုးမှုန်တွေသည် ခုံပေါ်မှာထိုင်နေသည့်ကောင်လေး၏ ကိုယ်ပေါ်က မိုးကာအပြာရောင်လေးပေါ်သို့ တစ်စက်ချင်းတလိမ့်လိမ့်နှင့်ကျနေသည်။သိပ်မသည်းသည့် မိုးစက်တွေအောက်မှာ ရေခဲမှုန်နှစ်ခုကို ကိုင်ကာတစ်လှည့်စီကိုက်စားရင်း လမ်းသွယ်ဘက်သို့ တစ်ယောက်ယောက်အလာကို ထိုကောင်လေးက မျှော်ငေးလို့ကြည့်နေလေသည်။

ရေခဲမုန့်ကိုစားနေရင်း တဘုတ်ဘုတ်နှင့်ပြေးလာသည့်အသံကို ကြားတာနှင့်တပြိုင်နက် ထိုကောင်လေးရဲ့ပါးနှစ်ဖက်ဟာ လက်ဖဝါးနှစ်ခုကြားမှာနွေးထွေးသွားရသည်။အနောက်ကနေ သိုင်းဖက်ထားသောကြောင့် ဘယ်သူမှန်းလှည့်ကြည့်စရာမလိုပါ။ထိုသူဟာ ဒီကမ္ဘာမှာ ရိပ်တန်ဖိုးထားရသည့် နှစ်ယောက်မရှိသော သူ။

"စောင့်နေရတာကြာပြီလား ရိပ်"

"နည်းနည်း..."

"သွားကြတော့မလား။ကြည့်အုံးကွာ အေးနေတာကို ရေခဲမုန့်တွေစားနေတယ်။နှုတ်ခမ်းလေးတွေတော့ အေးနေတော့မှာဘဲ"

ရိပ်သည် ဦးဘက်သို့ မျက်နှာလည့်၍ စိုရဲရဲနှုတ်ခမ်းလေးကို စူထှော်ပြလိုက်ပြီး...

"အရမ်းအေးနေတာမို့ ဦးက နွေးအောင် လုပ်ပေးပေါ့"

သူ့စကားကြောင့် ထိုသူဟာ ပြုံးရောင်သမ်းသွားပြီး သူ၏နှုတ်ခမ်းပေါ်သို့ ဖိကပ်နမ်းရှိုက်လာသည်။အခွင့်အရေးကို ဦးသည် ကောင်းစွာအသုံးချတတ်သည်။အနမ်းတွေက ရှည်ကြာလွန်းလို့ ရိပ့်နှုတ်ခမ်းတွေ ပူထူလာသည့်အထိဘဲ။ရိပ်သည်လည်း ဦးရဲ့အနမ်းတွေကိုပြန်တုံ့ပြန်ရင်း မျက်လုံးတို့ကိုမှိတ်ထားလိုက်သည်။လက်ထဲက ရေခဲမုန့်လေးနှစ်ခုကတော့ အရည်တွေပျော်ကျကုန်နေပြီ။

ဦးရဲ့နှုတ်ခမ်းတွေဖယ်ခွာသွားတော့ ရိပ်သည် ထိုတော့မှအသက်ကိုဝအောင်ရူလိုက်သည်။ဦးက သဘောတကျနဲ့ပြုံးနေစဲ။

"ဦးကို အရမ်းချစ်တယ်"

"အင်း..ကိုယ်လည်းချစ်တယ် ရိပ်ကလေး"

ခွန်း နာရီကိုကြည့်တော့ လေယာဉ်ချိန်ကနီးနေပြီဘဲဖြစ်သည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now