23(UN&ZG)

19.1K 1.5K 173
                                    

# ချစ်ခြင်း ခြံရံ #၂၃

အသစ်စက်စက်အုပ်ဂူအဖြူရောင်လေးရှေ့မှာကောင်လေးတစ်ယောက်က ဒူးထောက်ထိုင်ပြီးငိုကြွေးနေသလိုသူ့ဘေးနားက ကောင်လေးကလည်းထိုကောင်လေးကိုရင်ခွင်ထဲထည့်ထားပြီး နှစ်သိမ့်နေသည်။နှစ်သိမ့်‌‌နေသည့် ကောင်လေးပါးပြင်ထက်မှာလည်း မျက်ရည်စီးကြောင်းများကထပ်လျက်။

"ကိုကို မယုံနိုင်သေးဘူးပိကျီရယ်။သူသေသွားတယ်ဆိုတာ ကိုကိုတကယ်မယုံဘူး အမြဲမျှော်လင့်နေခဲ့တာလေ။ပြန်ဆုံဖို့အတွက်လည်းဆုတောင်းခဲ့တာပဲ ဒါပေမဲ့အခုတော့ သေခြင်းတရားနဲ့မှလား"

ပိကျီ့သည် ကိုကို့ကျောပြင်လေးသို့ ခပ်ဖွဖွပုတ်လိုက်တာနဲ့ ကိုကို့ဦးခေါင်းက ပိကျီ့ပုခုံးပေါ်ထက် မှီချကာ အားရပါးရငိုနေတော့သည်။

ဒီလူသားကိုအဆင်ပြေစေချင်တယ်။

ပိကျီ့ခန်းမထဲကပြေးထွက်လာတော့ လမ်းမထက်မှာသွေးအိုင်တွေထဲလဲကျနေတာ ကိုကိုရယ်၊ဖေငယ်ရယ်၊ ပြီးတော့အန်တီတစ်ယောက်

သတိတရပြောရရင် မားနဲ့ဈေးလိုက်သွားတုန်းက ရွှေဆိုင်မှာတွေ့ခဲ့တဲ့အန်တီဆွေဆိုသည့် အမျိုးသမီးဖြစ်သည်။

ပိကျီ့ထိုအနားသို့ပြေးသွားပြီး ကိုကိုကိုလှုပ်နှိုး ဖေငယ်ကိုလည်းလှုပ်နှိုး ဟိုအန်တီကို့လည်းတကြော်ကြော် အော်ခေါ်ရင်းမျက်ရည်တွေကြားစိုးရိမ်စိတ်တွေက ရင်ထဲမှာပြည့်ကျပ်နေသည်။

နောက်တော့လင်းရိပ်နဲ့ဖေကြီးရောက်လာချိန်လူနာတင်ကားတွေရောက်လာပြီးကိုကိုတို့ကိုဆေးရုံသို့ခေါ်သွားကြပေမဲ့ အန်တီဆွေကတော့ထိုနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

"ကိုကို ပြန်ကြမယ်ရအောင်နော်။ကိုကိုလည်းနေကောင်းတာမဟုတ်သေးဘူးလေ ဖေငယ်လည်းဆေးရုံဆင်းရမှာဆိုတော့ သွားကြရအောင်နော်"

"ကိုကိုရူးတော့မယ် ပိကျီ့ ဘာလို့များဘာလို့များသူက ကိုကို့ကို လူ့လောကထဲမွေးဖွားပေးခဲ့တဲ့လူတဲ့လဲအဲ့အကြောင်းအရာကြီးကအခုထိ ခြောက်လန့်နေတုန်းပဲ။ကိုယ်သူ့ကိုရင်မဆိုင်ရဲဘူး ဘာလို့ကိုယ့်ကိုမွေးပေးခဲ့တဲ့သူက အန်တီဆွေဆိုတဲ့မေမေမဟုတ်ရတာလဲ."

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now