19(UN&ZG)

15.5K 1.6K 73
                                    

# ချစ်ခြင်း ခြံရံ #၁၉

ကိုကိုသည် ကိုကြီးတာရာကို အလုပ်သို့ ပြန်လွတ်လိုက်ပြီး ပိကျီ့ကိုတော့ကားပေါ်သို့အတင်းထိုးထည့်ကာ အရမ်းမောင်းထွက်ခဲ့တာက ဘယ်နေရာမှန်းမသိသည့် လူရိပ်လူရောင်တောင်မတွေ့သည့်နေရာတစ်ခု။

ကိုကိုသည် ကားကိုအကြမ်းပတမ်းရပ်ပစ်လိုက်ပြီး ပိကျီ့ဘက်ကို မျက်ဝန်းရွဲကြီးတွေနဲ့ လှည့်ကြည့်လာသည်။

"ဘာလို့အဲ့လိုလုပ်ရတာလည်းပိကျီ့ရယ် ကိုကိုဘယ်လောက်စိတ်ပူရလည်းသိလား ကလေးတစ်ခုခုဖြစ်မှာကို ကိုယ်တကယ် ကြောက်တာအငယ်ရဲ့"

ပိကျီ့သည် မျက်ရည်တွေကျ၍တုန်တုန်ယင်ယင်နဲ့ပြောနေသည့် ကိုကို့ကို ရင်ခွင်သေးလေးထဲကို ထည့်ပြီးထွေးပွေ့လိုက်သည်။

ကိုကိုဟာ ကလေးတစ်ယောက်လိုပဲ အင့်ခနဲ အင့်ခနဲ့ရှိုက်ကာငိုနေတော့တာ။ကိုယ်ဟာ ကိုကို့စိတ်တွေကို ဖွင့်ထုပ်ချင်ခဲ့ရုံပါ ကျွန်တော့်အတွက်ပဲ တည်ရှိနေတဲ့ ကိုကို့အတွက်တော့ ဒီလုပ်ရက်လေးက အနည်းငယ်ပြင်းသွားသည်။

ပိကျီသည် သူ၏လက်ချောင်းသေးသေးလေးတွေကို ကိုကို့ရဲ့ဆံပင်တွေထဲထိုးဖွရင်း။

"သားက ကိုကိုအချစ်တွေကိုဖွင့်ဟလာအောင် ရိပ်နဲ့ပေါင်းပြီး ကြံမိကြံရာလုပ်ခဲ့တာပါကိုကိုစိတ်ပူအောင်တော့ သားလည်းမလုပ်ချင်ပါဘူး။ဒါပေမဲ့အဲ့လိုမှမလုပ်ရင် ကိုကို့ရဲ့အချစ်ကို သားဘယ်တော့မှရဖို့လမ်းမမြင်ဘူးလေ။သားကိုနားလည်ပေးနော် ကိုကို့ဆီကအချစ်တွေကို ညာယူမိတဲ့အတွက်ဗွေမယူပါနဲ့နော်။သားကိုအပြစ်ပေးတဲ့အနေနဲ့ ကိုကိုကြိုက်တာလုပ်ပါ။ချစ်တယ်လို့ပြောပြီးသားဟာကိုတော့ ပြန်ပြင်မပြောပါနဲ့နော် ကိုကို"

ကိုကိုက ပိကျီ့ရင်ခွင်ထဲကထွက်ပြီး ပိကျီ့မျက်နှာလေးကို လက်လေးနဲ့ဖွဖွကိုင်သည်။

"မင်းတကယ်ဆိုးတာ ဂျစ်တူးရယ်။အရမ်းချစ်တာမို့ နောက်ဆိုဒီလိုထပ်မလုပ်နဲ့နော် ကိုကိုက ကလေးမရှိပဲအသက်မရှင်နိုင်ဘူး။ဒီခိုနားရာလေးမရှိရင် ကိုကိုသေလိမ့်မယ်"

ပိကျီ့သည် ကိုကို့ရဲ့စကားတွေကြောင့်ပြုံးပြီးရင်းပြုံးနေမိတော့တာပဲ။လောကကြီးမှာ အပျော်ဆုံးလူသားလေးက လျှန်းမြတ်မှူးဆိုတဲ့ကျွန်တော်ပါပဲ။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now