21(UN&ZG)

15.2K 1.5K 24
                                    

# ချစ်ခြင်း ခြံရံ #၂၁

အပြာရောင်ချည်သားအကွက်စိပ်ပုဆိုးကို လည်ဂတုံးအဖြူ လေးနှင့်တွဲဝတ်ထားတဲ့ ကလေးဟာ နုနုဖတ်ဖတ်မျက်နှာလေးနဲ့ ရှင်းသန့်ကြည်လင်နေပြီး ချစ်ဖို့ကောင်းနေတော့သည်။ပုဆိုးကိုသူများတွေလို ခါးအောက်မှာဝတ်တာမဟုတ်ပဲ ခါးအပေါ်ဗိုက်မရောက်တရောက် နေရာလေးမှာဝတ်ထားသည့်ကလေးက နိုင်ငံခြားသားလေးပုဆိုးမဝတ်တက်ဝတ်တဲ့နဲ့ ဝတ်ထားသလိုပဲ ကပိုကရိုလေးနဲ့ ကြည့်ရတာဆွဲဆောင်မှု့ရှိနေတာတော့အမှန်။

နီရဲနေသည့်နှုတ်ခမ်းစိုစိုလေးက ဆေးကူစရာမလိုသဘာဝအတိုင်းလေး ကြည့်ကောင်းနေသည်။
ပြေးဖက်နမ်းပစ်ချင်တဲ့ စိတ်တွေကိုချုပ်ထိန်းရတာဟာ တကယ်ခက်ပါတယ်။

သမာဓိအားတွေဟာလည်း ဒီကလေးနဲ့ဆို အကုန်မြောင်းထဲရောက်ရတယ်။ဆံပင်တိုကပ်ကပ်လေးကို ဂျယ်အကူအညီဖြင့် ဘေးသို့ယိမ်းကာပုံသွင်းထားသေးတယ်။ပုဆိုးခါးပုံစလေးကိုကိုင်ကာ ရပ်စောင့်နေသည့်ကျွန်တော့်ကို မရဲတရဲလေးကြည့်တယ်။

ဒီကောင်းလေးက မနက်ဖြန်ဆိုရင်ပဲ ကျွန်တော့်အိမ်‌ ထောင်ရှင်လေး ဖြစ်တော့မှာတဲ့လား။

"ကိုကို သွားကြမယ်လေ"

"ဟင်...အင်း..အင်း.."

ကျွန်တော်သည်မှာလည်း ငေးကောင်းကောင်းလေးနဲ့ကြည့်နေတာ ပိကျီ့သတိပေးမှပဲစိတ်နဲ့ကိုယ်ကပ်တော့တယ်။

အန်တီခက်ဝေတို့ကိုနှုတ်ဆက်ပြီး ပိကျီ့ကိုခေါ်ပြီးထွက်လာခဲ့သည်။မနေ့က နှစ်ဖက်မိဘတွေတွေ့ဆုံကြပြီးလို့မင်္ဂကိစ္စတွေဆွေးနွေးပြီးပေမဲ့ ဒီနေ့ကတော့ ဖေဖေနဲ့တရားဝင်မိတ်ဆက်ပေးဖို့အတွက်ရော မနက်ဖြန်ဝတ်မဲ့အင်္ကျီအတွက်ပါသွားယူရင်း။

"ကိုကို ဖေကြီးအတွက် တစ်ခုခုဝယ်သွားရအောင်"

"အင်း ကိုကိုစိန်ဂေဟာရှေ့မှာ ရပ်လိုက်မယ်လေ အဲ့ကပဲဝယ်သွားကြတာပေါ့"

"ဟုတ်ကဲ့"

ပိကျီ့က ခေါင်းလေးညိတ်ကာ ကားအပြင်ဘက်ကိုပြန်ငေးသွားတယ်။မိဘတွေတွေ့ဆုံတော့ ပိကျီက ဖေဖေ့ကိုဖေကြီးလို့ခေါ်ပြီး ဦးထည်ဝါကိုတော့ ဖေဖေငယ်လို့ခေါ်သည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now