4(UN&ZG)

20K 2K 155
                                    

(Unicode)
#ချစ်ခြင်းခြံရံ#၄

အချက်ပေးထမဆုံးခေါင်းလောင်း တစ်ချက်မြည်လာသည်နှင့် မှောက်အိပ်နေရာမှ ခန္ဓာကိုယ်ကို မတ်လိုက်ပြီး မိမိဖြေဆိုထားသောအဖြေလွှာကို ခနပြန်စစ်နေလိုက်သည်။

တိမ်လွှာသည် အဖြေလွှာကိုဖင်တစ်ပြန်ခေါင်းတစ်ပြန်ကြည့်ပြီး အိုကေပြီဆိုမှဆရာမဆီသို့စာရွက်အပ်ကာ ဒုတိယခေါင်းလောင်း ထိုးတာကိုပင်မစောင့်တော့ပဲ စာမေးပွဲခန်းထဲကအရင်ဆုံး ထွက်လာခဲ့သည်။

အချိန်ပြည့်တဲ့အထိ ဖင်ပူအောင်ထိုင်နေဖို့ကို တိမ်လွှာစိတ်မဝင်စား။ကျက်ထားသလောက်တော့ဖြေခဲ့တာမို့အောင်ရင်လည်း အမှတ်၄၀ ကို နည်းနည်းတော့ကျော်ချင်ကျော်မှာပေါ့၊ကျမည်လို့တော့မတွေးထား ဘာလို့လဲဆိုတော့ သူဖြေခဲ့တာတွေက အောင်မှတ်ရဖို့ကျိန်းသေသည်။ဂုဏ်ထူးရဖို့တော့ နှစ်စစထဲက မမျှော်ဘူးဆိုတော့ စိတ်ပူစရာလည်းမရှိ။

"တိမ်လွှာ မင်းကဘယ်ချိန်ထဲက အပြင်ထွက်သွားတာလဲ"

ကျောင်းရဲ့အပေါက်ဝမှာ ထိုင်နေချိန်ကျောင်း သူကျောင်းသားတွေအများကြီးထဲမှာမှတာရာကပြေးထွက်လာကာသူ့ကိုတွေ့တော့ မေးသည်။

"ပထမခေါင်းလောင်းတီးထဲကပဲ"

"ဖြေနိုင်လား သားကြီး"

"အောင်ရုံလောက်ပေါ့"

"အေး၊ငါတို့လည်း စာမေးပွဲကြီးပြီးပြီဆိုတော့လွတ်လပ်သွားပြီ အေးဆေးအိပ်လို့ရပြီ Game လည်းအကြိုက် Playလို့ရပြီ၊ငါအိမ်ပြန်ရင် လိုက်ခဲ့အုံးမလား မှူးလေးကမေးနေတယ်မင်းကို ပါးနဲ့မားရောပဲ"

ကျောင်းတက်လာသည့်တစ်လျောက်လုံးတာရာတို့အိမ်ကို တိမ်လွှာ ဝင်လိုက်ထွက်လိုက်နှင့် ကိုယ့်အိမ်လိုဖြစ်နေပြီ ဖြစ်သည်။တာရာရဲ့အဖေနဲ့အမေကလည်း တိမ်လွှာကိုသူတို့သားတွေနဲ့အတူ တန်းတူညီတူဆက်ဆံသည်။

တစ်ခါတစ်လေ ကိုယ့်အိမ်သို့မပြန်ပဲ ပိကျီတို့အိမ်မှာပဲ အိပ်ဖြစ်တဲ့ ညတွေလည်းတွေရှိသည်။

ဒါပေမဲ့ အခုတလောတော့ စာမေးပွဲတွေကြောင့် ပိကျီဆီမရောက်ဖြစ်တာ ၁၀ရက်လောက်တော့ဖြစ်နေပြီ။တာရာအိမ်မှာရှိတဲ့အချိန်တွေဆို တိမ်လွှာVDcall ခေါ်လို့ ပိကျီနဲတွေ့ရတဲ့အချိန်တော့ရှိသည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now