36(UN&ZG)

12.8K 1.1K 25
                                    

# ချစ်ခြင်း ခြံရံ #၃၆

ဆေးရုံသွားဖို့အတွက် ပိကျီ့သည်အဝတ်ဗီရိုအရှေ့မှာအဝတ်အစားရွေးနေတာဟာ နာရီဝက်ခန့်ရှိနေပြီဖြစ်သည်။အလုပ်သည် ပိကျီ့နှင့်တည့်သည်ထင်ပါရဲ့ ခန္ဓာကိုယ်လေးဟာ အရင်ကထက်ပိုပြီးဝလာသည်။

အရပ်လေးလည်း ထပ်ထွက်လာသည်။ပါးလေးတွေဆို ဖောင်းကစ်နေတာသွေးကြောနီမျှင်လေးတွေတောင်မြင်နေရသည်အထိ။အခုလည်း ဝတ်ဖို့အကျႌတွေက ကွက်တိကျမနေဘဲ အနည်းငယ်ကျပ်နေသည်။

ပိကျီက ပွပွယောင်းယောင်းလေးတွေပဲဝတ်တတ်သူမို့ အခုလိုခပ်ကြပ်ကြပ်ကြီးဆို အဆင်မပြေတော့။အသက်ရူကြပ်သလိုပင် ခံစားရသည်။

ထိုအချိန်အခန်းတံခါးဖွင့်ပြီးဝင်လာသည့် ကိုကို့ကိုတွေ့လိုက်တာမို့

"ကိုကိုရေ သားကို အကျႌလေးတွေဝယ်ပေးပါအုံး။အခုဟာတွေက ကြပ်ကုန်ပြီ။ဘာဝတ်သွားရမှန်းမသိတော့ဘူး ကိုကို့အကျႌတစ်ထည်လောက်ပေးပါလား"

ပိကျီ့နဲ့ပတ်သက်သည့် ကိစ္စအဝဝကို ကိုကိုသည်အခုအချိန်ထိ လိုက်ဖြည့်ဆည်းပေးနေကျမို့ ကိုယ်တိုင်လုပ်သည့်အခါ တစ်ခုမှစိတ်တိုင်းကျတယ်ဟူ၍မရှိတတ်။ဒါ့ကြောင့် အားလုံးကို ကိုကိုပဲတာဝန်ယူပေးသည်။

"အင်း ဒီနေ့ကိုကို ဝယ်ဖြည့်ပေးထားမယ်နော်။အခုလောလောဆယ်တော့ ကိုကို့အကျႌထဲက ပိကျီအဆင်ပြေတာ ယူဝတ်သွားလေ။အောက်ထပ်မှာ ရိပ်ရောက်နေပြီ"

"ဟုတ်ကဲ့ကိုကို သားခနနေရင်ဆင်းလာခဲ့မယ်။ပေါင်မုန့်လေးနှစ်ချပ်လောက် စတော်ဘယ်ရီယိုလေးသုပ်ထားပေးအုံး ကိုကို။သားတို့ နောက်ကျနေပြီ"

"အလိုရှိတိုင်း ဖြစ်စေရပါမယ်ခင်ဗျ့"

"အဟီး..."

ပိကျီ့ပြင်ဆင်ပြီးအောက်ထပ်ဆင်းလာတော့ ဖေငယ်ကထမင်းချိုင့်အဆင်သင့်ကမ်းပေးသည်။ကိုကိုက ပိကျီ့လက်ထဲသို့ပေါင်မုန့်ချပ်လေးကမ်းပေးပြီး ကော်ဖီခွက်ကိုလက်က ကိုင်ပေးထားသည်။

ဒါနေ့စဉ်ဖြတ်သန်းနေကြ မနက်ခင်းပုံရိပ်ပင်။ဘယ်နေ့မှမနက်စာကို ထမင်းဝိုင်းမှာထိုင်မစားနိုင်။အိပ်ယာထနောက်ကျတာနဲ့။ဟိုဟာပြင်ရ၊ဒီဟာပြင်ရနဲ့အမြဲအလုပ်နောက်ကျမှာဆိုးတာမို့ ကို့ရို့ကားယားဖြစ်နေကျ။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now