26(UN&ZG)

14K 1.3K 29
                                    

# ချစ်ခြင်း ခြံရံ #၂၆

ခရီးကပြန်လာတော့ ပိကျီ့နဲ့ရိပ်က Speaking တက်ကြသည်။ကိုကိုသည်ဖုန်းဆိုင်ကို ကိုကြီးကိုလွှဲပေးပြီး ဖေကြီးကုမဏီကိုဦးစီးနေရသည်။ဖေကြီးက ဖေငယ့်အနားမှာပဲအချိန်ပြည့်ပြုစုချင်လို့တဲ့။

အလုပ်တွေကများလွန်းလို့ ခရီးကပြန်လာပြီးနောက်ပိုင်း ကိုကိုနဲ့ပိကျီ ညပိုင်းလေးသာဆုံရသည်။တခါတလေ Dinner တွေနဲတိုးရင်ကိုကိုက အိမ်ပြန်ပါနောက်ကျသည်။

ဖေကြီးနဲ့ဖေငယ်ကလည်း နိုင်ငံခြားမှာဖေငယ့်ကိုသွားကုပေးဖို့ အစ်ကိုခွန်းနဲ့တိုင်ပင်ပြီးပြင်ဆင်နေကြတုန်း။

"ကလေး မနက်ဖြန်အောင်စာရင်းထွက်မှာနော် ရင်တွေခုန်နေပြီလား"

ကိုကိုကအလုပ်သွားဖို့ပြင်ဆင်နေရင်းက ပိကျီ့ကိုပြောသည်။ပိကျီ့အနားသို့လျောက်လာရင်းပါးဖောင်းဖောင်းလေးကိုလည်း ဖျစ်ညစ်သေး၏။လူကို ဆိတ်လိုက်ဆွဲလိုက်နဲ့ သူ့သဘောကျအတိုင်း ပြုမူနေတော့တာပဲ။

"သားပါးတွေက ကိုကိုဆွဲဖျစ်လွန်းလို့ လက်ယောင်လိုက်ပြီးဖောင်းနေတာသိလား။ကလေးရုပ်က ဘယ်တော့မှလည်း ပျောက်မှာမဟုတ်ဘူးကိုကိုကြောင့်"

"ချစ်တာကို ဘေဘီလေးရဲ့ အား...ကိုက်ချင်လာပြန်ပြီ"

ကိုကိုသည်အနားသို့တိုးလာရင်း ပိကျီ့ပါးဖောင်းဖောင်းလေးကို ပါးစပ်ထဲထည့်၍ငုံခဲလိုက်ချိန် ပိကျီ့သည် ကိုကို့ကိုယ်လုံးကြီးကို တွန်းဖယ်ကာ ကိုကိုအနားကနေရာရွေ့သည်။

"ကိုကိုအကျင့်ပုပ်တာ သားတကယ်နာသွားပြီနော်ကိုကို"

ပီကျီ့တကယ်နာသွားပြီလို့ပြောတာကိုတောင်အဲ့လူရိုးကြီးကအဖတ်မလုပ်ဘူး။ပိကျီ့သည်အမြင်ကပ်လာတာကြောင့် ကိုကို့ကိုကုတင်ပေါ်သို့တွန်းလှဲကာ ကိုကို့လည်ပင်းရှိရာသို့ မာကင်ရာ တသီကြီး ပေးပစ်လိုက်သည်။

"ကလေးရာ မင်းတကယ်ဆိုးတယ်ကိုကိုလည်ကတုံးမဝတ်ချင်ပါဘူးဆို"

"သားကိုလာစရင်တော့ ကိုကိုလည်းပြေးလို့မလွတ်ဘူးမှတ် လည်ကတုံးလေးပဲ ဝတ်သွားလိုက်ပါယောကျာ်းချစ်ချစ်ကြီး"

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now