20(UN&ZG)

16.7K 1.6K 39
                                    

# ချစ်ခြင်း ခြံရံ #၂၀

တိမ်လွှာသည် ဆေးရှိန်ကြောင့် အိပ်ပျော်နေသည့်ကလေးလက်လေးကိုကိုင်ကာ လက်ဖမိုးလေးသို့အနမ်းချွေမိသည်။ပါးပြင်က သွေးစို့ဒဏ်ရာလေးမှာဆေးပလာစတာ တစ်ခုကနေရာယူနေသည်။

"ဟင့်...မား...အင့်..."

မျက်ခွံလေးတွေလှုပ်လာကာ ရှိုက်သံတွေရောထွေးနေတဲ့ပိကျီ့နှုတ်ဖျားက မားကိုသာတနေတော့သည်။ကျွန်တော်ကလေးလေး စိုးထိတ်သွားခဲ့တာ။

"ကလေး ဘယ်လိုနေသေးလဲဟင်!"

ပိကျီ့သည်ကိုကို့ကိုမြင်တော့ အသည်းအသန်မေးမိသည်က မားကသူ့ကိုစိတ်နာသွားပြီလားဆိုသည့် အကြောင်းအရင်းသာ။

"ကိုကို မားက သားကိုမုန်းသွားပြီလားဟင် မားရော မားဘယ်သွားလဲ"

ကလေးငယ်သည် သူ၏အမေကိုသာ ရှာနေတော့သည်။ဒေါ်စိန်ကပိကျီ့နိုးလာသည်နှင့် အခန်းပြင်သို့ထွက်၍ အန်တီခက်ဝေတို့ကိုသွားခေါ်သည်။

တိမ်လွှာသည်ပိကျီ့ရဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကို ခပ်ဖွဖွသုပ်ပေးလိုက်ပြီးကလေးနဖူးပေါ်ကျနေသော ဆံသားတစ်ချို့ကိုလည်း သပ်တင်ပေးရင်း။

"အန်တီက ပိကျီ့ကိုစိတ်မနာပါဘူး။မုန်းလည်းမမုန်းဘူးတဲ့ ကိုကိုတို့ကို ခွင့်ပြုပေးလိုက်ပြီ"

"ဟင်!အဲ့ဒါတစ်ကယ်လား ကိုကို"

တိမ်လွှာခေါင်းညိတ်ပြတော့ကလေးကမယုံသင်္ကာနဲ့ အခန်းထဲကို သက်သေပြနိုင်မဲ့သူကိုဝေ့ဝဲကြည့်နေတုန်း အန်တီခက်ဝေရယ် ဦးမြတ်လင်းရယ်က ဝင်လာလေတော့။

"မား...ပါး..."

သူ့အဖေနဲ့အမေကိုမြင်တော့ ပိကျီ့သည်ကျွန်တော်ကိုင်ထားသည့် လက်လေးကို အကြောက်အကန်လွတ်ချနေတော့သည်။

"မားရဲ့အငယ်လေး နိုးလာပြီလား။သက်သာလားသားငယ်"

"မား....အဟင့်"

ပိကျီ့သည် အနားရောက်လာသည့် မားကိုယ်လုံးလေးကို ဖတ်လိုက်ပြီး တအီအီနဲ့ခွေးပေါက်လေးတစ်ကောင်လို ငိုနေတော့သည်။

ဒေါ်ခက်ဝေသည်သားရဲ့ကျောပြင်ငယ်ကိုပုတ်ပေးရင်းချော့မြူသည် ပါးပေါ်က ပလာစတာလေးမြင်တော့ သူမမှာစိတ်မကောင်းဖြစ်ရပြန်သည်။ထိခိုက်ဒဏ်ရာရမှာတောင်မကြိုက်သည့်သူမက ကိုယ့်သားငယ်ကို မိမိကိုယ်တိုင် အနာတရဖြစ်အောင်လုပ်မိခြင်း။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now