9(UN&ZG)

15.6K 1.7K 114
                                    

#ချစ်ခြင်း ခြံရံ#၉

အိပ်ယာပေါ်တင်ထားသော ပိုက်ဆံထုပ်ကိုယူကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ဧည့်ခန်းမှာ ဦးထည်ဝါနဲ့အတူထိုင်နေသော ဒယ်ဒီဆီသို့သွားကာ ပိုက်ဆံထုပ်ကို ဒယ်ဒီရှေ့သို့ ထိုးပေးလိုက်သည်။

"ကျွန်တော် ဒယ်ဒီဆီကယူသုံးထားတဲ့ သိန်း၈၀၊ ကျွန်တော်ပြန်ပေးတာ ပြည့်မပြည့် စစ်ကြည့်လိုက်အုံး ဒယ်ဒီ"

ဦးနေလင်းမာန်သည် ပိုက်ဆံထုပ်ကိုတစ်လှည့် သားဖြစ်သူကိုတစ်လှည့်ကြည့်နေသည်။

လွန်ခဲ့တဲ့၂လကျော်လောက်က သူ့ဆီကမတောင်းစဖူး တိမ်လွှာပိုက်ဆံတောင်းလာတော့ သားအဖချင်းပြေလည်လောက်ပြီဟု ထင်ထားခဲ့တာ ဦးနေလင်းမှန်တွေးထားသမျှကတက်တက် စင်အောင်လွှဲခဲ့သည်။

ပိုက်ဆံချေးတယ်ဟုပဲသဘောထားခိုင်းပြီး ၂လနေရင် ပြန်ပေးမယ်လို့လည်း ကတိတွေပေးသေးတယ်။

အခုလည်း၂လတိတိမှာပဲပြန်ပေးလာသည် သားစီးပွားရေးမှာ ရှယ်ယာဝင်တဲ့သဘောနဲ့ ယူထားလိုက်ဆိုတော့လည်းမဟုတ်ပြန်။

တစ်အိမ်ထဲနေပြီး စီးပွားရေးခွဲခြားနေတာ ဒီအဖေရှာတာဒီသားကမသုံးတော့ သူရှာသမျှက ဘယ်နေရာမှာ သွားသုံးရမှာလဲ။ထည်ဝါကျတော့လည်း ပိုက်ဆံမဖြုန်းတတ် စည်းတဲ့ရေ ဆည်တဲ့ကန်သင်းဆိုပြီး ပိုလျှံနေတာတောင် ခြစ်ကုတ်တတ်လွန်းလို့။

အခုလည်း ပြန်ပေးသည့်ပိုက်ဆံကိုမယူရင်ပြသာနာကတက်နိုင်ဖွယ်ရှိတယ်။သောက်ကလေး ဘယ်သူနဲ့တူလို့ အဲ့လောက်ခေါင်းမာရတာလဲမသိ တွေးရင်း ဘေးမှာအသံတိတ်ကာထိုင်နေသော ချစ်ရသူငယ်ကိုကြည့်မိသည်။

သားက ငယ်နဲ့တူတာ လုပ်ချင်ပြီဆိုဇွတ်လုပ်ရမှာကျေနပ်သူသူ့စကားကိုပဲအမြဲအတည်ယူတကတတာ။

"စစ်မနေတော့ပါဘူးကွာ ဒယ်ဒီကပြောနေရမဲ့လူလားသားရဲ့ အလုပ်ရောအဆင်ပြေလား ပဲခူးမှာဆိုင်သစ် ထပ်ဖွင့်တယ်ဆို"

"ပြေပါတယ် ကျွန်တော် ဒီလ၁လ အိမ်ပြန်လာဖြစ်မှာမဟုတ်ဘူး ။ပဲခူးမှာနေဖြစ်မယ် ၊အခုမှဆိုင်အသစ်ဆိုတော့အလုပ်သမားတွေနဲ့ပဲ လွတ်ထားလို့မရလို့ သွားလိုက်ပြန်လိုက်ကျတော့လည်း အဆင်မပြေဘူးလေ "

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now