12(UN&ZG)

13.6K 1.5K 23
                                    

# ချစ်ခြင်း ခြံရံ #၁၂

တက္ကသိုလ်ဝင်စားမေးပွဲကြီး ဖြေဆိုလို့နောက်ဆုံးရက်ပင်ရောက်လို့လာခဲ့ပြီ။ကျောင်းရှေ့မှာလည်း လာကြိုသည့်မိဘတွေရဲ့ကားများက စီတန်းလို့နေ၏။

ပိကျီဟာ ကျောင်းပိတ်တော့မှာကိုတွေးပြီး ပျော်ရွှင်နေသလောက်ဘေးမှာရပ်နေသည့် လင်းရိပ်ကတော့ပျော်ရွှင်နေသည့်ပုံမပေါက်ပါ။ကျောင်းတက်လာသည့်၁နှစ်တာအတွင်းမှာ လင်းရိပ်နှင့်မှူးသည် တော်တော်ကိုရင်းနှီးခဲ့ပါတယ်။လင်းရိပ်ကမှူးကိုတော်တော်လည်းအလိုလိုက်သလို ဂရုလည်းစိုက်ပါသည်။

တစ်ခြားကျောင်းသားတွေက လင်းရိပ်ကို လိပ်စာတွေပေးရင်း အဆက်အသွယ်လုပ်ဖို့ လောဆော်နေကြသလောက် အင်းမလုပ်အဲမလုပ်ဖြစ်နေတာက လင်းရိပ်သာဖြစ်သည်။

"လင်းရိပ်..မင်းကဘာဖြစ်နေတာလဲ?"

"မှူး"

"အင်း!ပြောလေ သားကြီးရဲ့"

"ငါပေးထားတဲ့ ဖုန်းနံပါတ်ကို မင်းဖုန်းရရင်ဆက်လိုက်နော်။ငါမင်းကို ကျောင်းတွေ ပိတ်သွားရင် လွမ်းနေတော့မှာပဲကွာ"

လင်းရိပ်မျက်နှာက တကယ့်ခံစားချက်အမှန်တွေကိုပြောနေခြင်းဖြစ်သည်။ရန်ဖြစ်လိုက်ပြန်တည့်လိုက်နှင့် တစ်နှစ်လောက်ပေါင်းလာပေမဲ့လည်း ဒီBFကြီးကို မှူးလည်းသတိရနေမှာတော့ အမှန်ပင်။

"အေးပါ ရိပ်ရဲ့ မင်းလည်း မန်းလေးကအဖွားကိုဂရုစိုက်အုံး ကြားလား။ဆိုးနွှဲ့လို့ရတိုင်းဆိုးမနေနဲ့"

လင်းရိပ်မိဘတွေက စင်ကာပူအခြေကျနေတာဆိုပေမဲ့လင်းရိပ်ကတော့မန်းက သူ့အဖွားနှင့်သာ ငယ်ငယ်ထဲက နေခဲ့တာဖြစ်သည်။

မိဘများကလည်း အမြဲတစ်စေမဟုတ်တောင်လင်းရိပ်ဆီတော့ ၂လတခါ၃လတခါ လာကြ၏။

စီးပွားရှာနေပေမဲ့လည်း သားဖြစ်သူကိုတော့မျက်နှာလွှဲခဲပစ်မလုပ်ပါ လင်းရိပ်ကလည်း Linn Company ရဲ့အမွေဆက်ခံသူ ရင်နှစ်သည်းချားလေးပါပဲ။

ဒါပေမဲ့လင်းရိပ်သည် ဆေးလိုင်းယူ၍ မှူးနဲ့အတူဆရာဝန်တစ်ယောက်လုပ်မည်ဟုပဲ သူ၏အဖွားကို ဖွင့်ပြောထားပြီး ဖွားကလည်းခွင့်ပြုပေးထားလေသည်။လင်းရိပ်ဘဝက လိုတိုင်းရ၊တတိုင်းရနေတဲ့ မကြောင့်မကျ ဘဝလေးဖြစ်သည်။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now