29(UN&ZG)

13.7K 1.2K 39
                                    

# ချစ်ခြင်း ခြံရံ #၂၉

"အ!!"

ကိုကိုသည် အိမ်ပြန်ရောက်လို့ကားပေါ်ကဆင်းဆင်းခြင်း ကားတံခါးဖွင့်ကာ ပိကျီ့ကိုအိမ်ထဲထိပွေ့ချီခေါ်လာပြီး သူတို့နှစ်ယောက်ရဲ့အခန်းထဲကကုတင်ပေါ်သို့ပစ်ချလိုက်တာကြောင့် ပိကျီ့အသံပင်ထွက်သွားသည်။

ကိုကိုအပေါ်အကျႌကုတ်ကိုချွတ်နေတာမြင်သော အခါမှာတော့ ပိကျီ့စတင်ပြီးငိုပါတော့သည်။စောနကပစ်ချလို့မနာသောတင်ပါးလေးကိုကိုင်ပြီး မထွက်သည့်မျက်ရည်တွေအကုန်ညစ်ထုတ်သည်။

"အီး ကိုကိုလူဆိုးကြီး ဖေကြီးနဲ့ဖေငယ်လာရင်တိုင်ပြောမယ်သားကိုနှိပ်စက်ပါတယ်လို့..အီး.သားက ကလိလေးထိုးပြီးစတာကို ဟင့်..သူကအားကြီးနဲ့ပစ်ချတယ်..ကိုကိုနဲ့အတူမနေဘူး အိမ်ပြန်မယ်အီး အခုပြန်မယ်"

ပီကျီ့သည်ငိုလည်းငိုရင်း ကျောပိုးအိတ်တစ်လုံးကိုဆွဲယူကာ ဗီရိုထဲကအဝတ်အစားတွေကိုထည့်သည်။သူပစ်ချလိုက်တာဖြေးဖြေးလေးရယ်ပါ။တကယ့်မှဖွဖွလေး။

သူ့ကလေးကို နာကျင်အောင်လုပ်ပါ့မလား။ပြန်လာသည့်ကားပေါ်တစ်လမ်းလုံးမှာလည်း မင်္ဂလာပွဲမှာကျန်နေခဲ့သည့်အစားအသောက်များကိုထားခဲ့ရလို့ဆိုပြီးပွစိပွစိနဲ့လည်းငြီးပြီးလိုက်လာခဲ့တာ။အခုလည်း ထစ်ခနဲရှိအိမ်ပေါ်ကဆင်းမယ်ဆိုတာချည်းပြောတက်သည့်အကျင့်ကြောင့် အရင်လိုချော့လည်းမချော့ဆွဲလည်းမတားပဲ ကုတင်ပေါ်မှာထိုင်ရင်းပိကျီ့လုပ်နေသမျှကို ကြည့်နေလိုက်သည်။

အဝတ်သုံးလေးစုံ အိတ်ထဲရောက်အပြီးမှာဇစ်ကိုပိတ်လိုက်တာကြောင့်

"ဘာလို့သုံးလေးစုံလဲ ရှိသမျှအကုန်ထည့်သွားလေ ပြန်မလာဘူးမလား ငါလည်းလာမပို့ဘူးကျန်ခဲ့တာနဲ့နောက်နေ့မင်းအဝတ်အစားတွေ ဂေဟာကိုသွားပြီးအကုန်လှူလိုက်မှာ"

အမြဲတမ်းသူ့ကချော့နေကြမို့ထင် အခုလိုပြောလိုက်တော့မျက်ဝန်းလေးတွေဝိုင်းစက်ကာ ကြည့်လာသည့်ကလေးငယ်။နောက်တော့နှာသီးဖျားလေးတွေရဲတွတ်လာတာတွေ့ရသည်။မျက်ခမ်းစပ်လေးတွေပန်းရောင်သန်းလာပြီးမျက်ရည်ကြည်တွေကျလာသည်အထိ တိမ်လွှာမချော့သေး။

ချစ်ခြင်းခြံရံ(Completed)(ZG&UN)Where stories live. Discover now