1

24.3K 491 11
                                    

Unicode

"Cheer!!"
ခွက်တိုက်သံတွေ ညံသွားသည်။

လူချော၃ယောက် ထိုင်ကာ သောက်နေကြတာမို့ Barမှာရှိတဲ့ မိန်းကလေးအများစုရဲ့ မျက်လုံးတွေက ထို၃ယောက်ထံတွင်သာ....

"ကြက်ကြီး လည်လိမ်ထားသလိုဘဲ ထက်ယံရာ"

"မင်းဘိုးအေကို ကြက်ကြီးလည်လိမ်ရမှာလား"
လက်ခလယ်ထောင်ပြပြီး မိုးထက်ယံပြောလိုက်လေတော့ လင်းခေတ်က တဟားဟားနဲ့ အော်ရယ်တော့သည်။

"လင်းခေတ် ပြောတာ မှန်တယ် ထက်ယံ...မင်းဘာဖြစ်နေတာလဲ ဘယ်သူ့ကိုမျှော်နေတာလဲ"
ရှိုင်း မေးလိုက်တော့ မိုးထက်ယံက ပုခုံးတွန့်ကာ ခေါင်းခါပြသည်။

"ဖေ့သား လိမ်ချင် တခြားလူသွားလိမ် ငါတို့ကို လာမလိမ်နဲ့"

"ပြောပါ့မယ် ကွာ။မင်းတို့က ဇွတ်ဘဲ...ညီ့ကို စောင့်နေတာ။လာမယ် ပြောပြီး ခုထိ ပေါ်မလာလို့"

"ညီ??"
လင်းခေတ်က တစ်ချက်တွေဝေသလို ဖြစ်သွားပြီးမှ
"ညီစေဦး ကိုပြောတာလား ထက်ယံ"

"အင်း"
အရက်တစ်ငုံ သောက်လိုက်ပြီး အဖြေပေးလိုက်လေတော့...

"မင်းက မမိုက်ပါဘူးကွာ...ကြိုက်စရာရှားလို့ အဲ့ငချွတ်လေးနဲ့မှ သွားကြိုက်ရတယ်လို့"
အဲ့ပိုင်းလုံးလို့ ရှိုင်း ပြောချင်ပေမဲ့ မိုးထက်ယံကို အားနာသောကြောင့် ငချွတ်ဟုသာ သုံးလိုက်ခြင်း။

"ညီက မင်းတို့ထင်သလို မဟုတ်ပါဘူးကွာ"

"အေးပါကွာ။မင်းတို့ဘာသာ နားလည်မှုရှိရင် ပြီးတာဘဲ"
၃ယောက်သား ဘာစကားမှ မပြောတော့ဘဲ အရက်ခွက်ကိုယ်စီနှင့် ငြိမ်သွားကြတော့သည်။

မိုးထက်ယံ၊လင်းခေတ် နဲ့ ရှိုင်း တို့က အထက်တန်းထဲက ပုခုံးဖက်ပေါင်းလာကြသူတွေ။အကုန်လုံးက သူဌေးသားလေးတွေမို့ ငယ်တုန်းရွယ်တုန်းကတော့ မိဘပိုက်ဆံနဲ့ သုံးဖြုန်းခဲ့ကြပေမဲ့ အခုချိန်မှာတော့ ကိုယ်တိုင်ရှာတဲ့ ပိုက်ဆံနဲ့ သုံးဖြုန်းသည့် အခြေအနေသို့ရောက်လာခဲ့ပြီ။

အသက်တွေက ၃၀ကိုလွန်၍ ၃၂နားရောက်နေပြီ ဖြစ်သော်လည်း ဘယ်ဘ၀က ကုသိုလ်ကြောင့်လဲ မသိ ချောချက်က မြင်သူတိုင်း ၂ခါပြန်ငေးရသည်အထိ။သို့သော် အသောက်အစားရှိတဲ့ ဒီ၃ယောက်က အနားမှာ၀ဲနေတဲ့ မိန်းကလေးတွေနဲ့ ပွေရှုပ်လို့ ရပေမဲ့ ခပ်ကင်းကင်းနေကြသည်။

Life is YouWhere stories live. Discover now