25

3.5K 227 20
                                    

Unicode

မေလ ပထမရက်ရဲ့မနက်ခင်းနေရောင်ခြည်ဟာ တောက်တောက်ပပ။မနက်၇နာရီမို့ ရန်ကုန်မြို့ကြီးက စတင်အသက်၀င်နေပြီဖြစ်သည်။

"အသက်က ထပ်ကြီးပြန်ပြီ"
စိတ်ပျက်လက်ပျက်လေး ပြောလာတဲ့ ညီညီကြောင့် မိုးထက်ယံ သဘောတကျရယ်မိသည်။

"၂၀ဆိုတာ ငယ်ပါသေးတယ် babyရဲ့"

"လူကြီးတွေက အဲ့လိုဘဲ ပြောကြတာဘဲ။တစ်ခါတစ်လေ အသက်ကဖြင့် ၁၉ ၂၀ဖြစ်နေပြီ ကလေးလိုလုပ်မနေနဲ့ ဘာညာ။တစ်ခါတစ်လေ အခုမှ ၁၉ ၂၀ ရှိသေးတာကို လူကြီးဆိုဒ်ဖမ်းမနေနဲ့ ဘာညာ....ဟွန့်"
အဆုံးသတ်မှာ အလိုမကျသလို ဟွန့်ခနဲ နှာမှုတ်လိုက်တာကြောင့် မိုးထက်ယံ အသည်းယားရပြန်သည်။

"ကိုယ့်အတွက်တော့ အမြဲကလေးလေးဘဲ"

"တကယ်လား"

"တကယ်ပေါ့"

"မွေးနေ့လက်ဆောင်က အကြွေးမှတ်ထားဦး။ကိုယ်မှာထားတုန်းမို့လို့"

"ဟုတ်...ဒါနဲ့ ဒီည barသွားရအောင်လေ"

"ဘာမှလည်း မဆိုင်"

"လုပ်ပါ ဦးကလည်း"
မိုးထက်ယံ လက်မောင်းကို သူ့ပါးလေးနဲ့ လာပွတ်သပ်ပြီး လေသံသေးသေးနဲ့ ကပ်ချွဲသည်။

"ကိုယ်ပြောတယ်လေ အမြဲကလေးလေးဘဲလို့...အဲ့တော့ barက ကလေးသွားရမယ့်နေရာမဟုတ်ဘူး။မသွားနဲ့"

"ဦးကလည်း"
ကောက်သွားပြီ။ကားမှန်ကို ခေါင်းနဲ့ ခပ်ဖြေးဖြေး တိုက်ပြီးကောက်နေပြီ။မိုးထက်ယံကို လှည့်ပင်မကြည့်တော့။

ဘုရားရောက်တော့ ကားပါကင်ထိုးပြီးတာနဲ့ မိုးထက်ယံကိုတောင်မစောင့်ဘဲ ထွက်သွားသည်။သို့သော် ခြေလှမ်းကျဲကျဲ ၃လှမ်းလောက်လှမ်းလိုက်ရုံဖြင့် ညီညီ့ကို မီသွားသည်။ဘေးချင်းယှဥ်လျှောက်ရင်း မျက်နှာလေးကို ခိုးကြည့်တော့ သိသိသာသာညှိုးနေသည်။

"နေမကောင်းလို့လား"

"ဟင့်အင်း"

"ကိုယ့်ကို စိတ်ဆိုးနေတာလား"

"ဟင့်အင်း"

"ဒါဆို ဘာဖြစ်နေတာလဲ"

"ဟင့်အင်း"
ဒီကလေး တစ်ခုခုတော့ တစ်ခုခုဘဲ။

Life is YouWhere stories live. Discover now