27

3.2K 246 16
                                    

Unicode

"သောက်ကလေးတွေ တစ်ကောင်မှ စိတ်တိုင်းမကျဘူး။အလုပ်က ရှုပ်ရတဲ့ထဲ သူတို့​ပြဿနာတွေပါလိုက်ရှင်းနေရတယ်"
လင်းခေတ်မိန်းမယူပြီးကထဲက ent:ရဲ့ ကိစ္စပေါင်းသောင်းခြောက်ထောင်မှာ တစ်၀က်ကျော်လောက်ကို ရှိုင်းတာ၀န်ယူနေရသည်။အရင်က တစ်ယောက်တစ်၀က်။အခုတော့ မိန်းမချစ်ကောင်ကြီးက အချိန်နဲ့နာရီနဲ့ဘဲ အလုပ်လုပ်တော့တယ်။ဘယ်အချိန် မိန်းမဆီ ထပြေးလို့ရမလဲဘဲ ချောင်းနေတယ်။

"မိန်းမနားဘဲ တော်တော်ကပ်ချင်နေတဲ့ ဟိုသကောင့်သားကို မနက်ဖြန်မှ နရင်းအုပ်ဦးမယ်"
ရှိုင်းတစ်ယောက် ကားပါကင်ထိုးရင်း ပွစိပွစိလုပ်နေခြင်းပင်။

ရောက်နေတာက club။လာရတဲ့ ကိစ္စက သမီးတော်သင်းနံ့သာနဲ့ traineeသားတော်မောင်၂ယောက် Friday nightဆိုပြီး လာကဲကြသတဲ့...အဲ့တာ အခုကဲရင်း ထိကပါးယိကပါးတွေဖြစ်ပြီး ရန်ဖြစ်ဖို့ တကဲကဲဖြစ်နေတယ်တဲ့။အဲ့တာ သမီးတော်က မြန်မြန်လာပါ ဆရာရေ ဆိုတာနဲ့ အပြေးရောက်လာရသည်လေ။ဒင်းတို့က မိဘထပ် ကိုယ့်ဆို ပိုကြောက်တာကြောင့် သင်းနံ့သာက ခေါ်ရခြင်းပင်။

"ဆရာ"
အေး ကားပေါ်က ခုမှဆင်းရသေးတယ်။ဖွတ်ရွှတ်ဆို ရောက်လာပြီ။လိုက်မရှာရလို့ ကျေးဇူးတင်လိုက်တာ....

"ကျေးဇူးတင်ပါတယ်။ဒီက အကို"
သင်းနံ့သာက ခါးတွေဘာတွေကိုင်းပြီး အပီအပြင်ကျေးဇူးတင်နေတာ...ရှိုင်းကြည့်လိုက်တော့ ..

"ဒေါက်တာ!!"

"သြော်"
သူလည်း အခုမှ ရှိုင်းကို တွေ့ပုံပင်။ရှိုင်း သတိထားမိလိုက်တာက တွေ့တိုင်းငြိမ်းချမ်းတဲ့မျက်နှာထားနဲ့ လူက အခုလည်း ထိုမျက်နှာထားအတိုင်းဘဲဆိုတာ...

"ဘာဖြစ်ကြတာလဲ"

"ဒီ၂ကောင်လေ ရန်ဖြစ်မယ်တကဲကဲလုပ်နေတာနဲ့ သင်း မနည်းဆွဲနေရလို့ ဒီအကိုက ပြေလည်အောင်​၀င်ပြောပြီး ဒီ၂ကောင်ကို ဆွဲထုတ်လာပေးတာ"

"ကျေးဇူးပါဗျာ"
ရှိုင်း ဒေါက်တာ့ကို ပြုံးကာ ကျေးဇူးတင်စကားဆိုပြီး သားတ၀မ်းကွဲလေးတွေဘက်လှည့်ကာ...
"သွား အိမ်ပြန်ကြတော့။မနက်ဖြန် မနားရဘူး..companyလာခဲ့ချည်။သင်းနံ့သာလည်း သွားတော့"

Life is YouWhere stories live. Discover now