28

2.8K 217 8
                                    

Unicode

စွန့်ပစ်ခံထားရတာ...
မီးတွင်းကထွက်ကာစလေး...
မေမေက ကလေးမမွေးနိုင်လို့ ငါ့ကိုမွေးစားထားတာ...

ညီညီ့ခေါင်းထဲမှာ မွေးစားထားတယ် ဆိုတဲ့စကားက ထပ်ခါထပ်ခါပဲ့တင်နေသည်။ဖေဖေတို့က မိဘအရင်းတွေမဟုတ်ဘူးတဲ့...အသက်၂၀အထိ ဘာမှမသိဘဲ အနှစ်၂၀လုံး ဘာဆိုဘာမှမသိခဲ့ဘဲ နေထိုင်ခဲ့တယ်။သားအရင်းမဟုတ်ဘူးတဲ့လား...

ညီညီ ထွက်သာ ပြေးလာတာ ဘယ်သွားရမလဲ မသိဘူး။သျှင်းထူးဆီလည်း မသွားချင်ဘူး။သူလည်း သူ့အပူနဲ့သူ။ညီညီ့မှာ ရွေးချယ်စရာ ၄နေရာဘဲရှိတယ်။သျှင်းထူးဆီကို သွားဖို့က ပယ်လိုက်ပြီမို့ ကျန်တော့တာက အိမ်ပြန်မလား၊ဘဘအိမ်သွားမလား၊ဦးရဲ့အိမ်အသစ်ကို သွားမလား...ဒါဘဲရှိတော့သည်။ထို့ကြောင့် ညီညီစိတ်ကို ဒုန်းဒုန်းချပြီး သန်လျင်ဘက် မောင်းထွက်လာခဲ့မိသည်။

အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ဖုန်းက ဆက်တိုက်တုန်ခါနေသည်။ကိုင်ဖို့အစီအစဥ် ညီညီ့မှာ မရှိပါ။မကိုင်ရဲတာဆို ပိုမှန်သည်။ညီညီသိသွားပြီဆိုတာ ဖေဖေနဲ့ဦး သေချာပေါက်သိလောက်သည်...ဆိုင်က ၀န်ထမ်းတွေ ညီညီ၀င်လာတာရော ပြန်ပြေးထွက်သွားတာရော မြင်သွားကြသည်မဟုတ်လား။

ဒါဆို ညီညီ သားအရင်းမဟုတ်ဘူးဆိုတော့ ဦးကရော ဆက်ချစ်နိုင်ပါ့မလား...ညီညီအကုန်သိနေပြီဆိုရင် ဖေဖေကရော အရင်လို ဆက်ချစ်ပေးဦးမှာလား...ဟင့်အင်း တော်ပြီ။ညီညီဆက်တွေးဖို့အတွက် သတ္တိမရှိတော့ဘူး။

"ပေါက်ကရတွေမစဥ်းစားစမ်းနဲ့ ညီညီမျိုးသက်...သူတို့အချစ်ကို မင်းမယုံတာလား"
တစ်ယောက်ထဲ စကားတွေပြောလိုက် ခေါင်းတွေ ခါလိုက်နဲ့ ညီညီ ဂယောက်ဂယက်ဖြစ်နေသည်။

မီးပွိုင့်တွေ တစ်ခုပြီး တစ်ခု ဖြတ်ပြီးတဲ့နောက်မှာတော့ ဦးတည်ရာနေရာဖြစ်တဲ့ Star Cityသို့ရောက်၏။အခန်းကမီးပိတ်ထားပေမဲ့လို့ ခန်းစီးလိုက်ကာ အဖြူရောင်ကို ဖြတ်ပြီး တိုး၀င်နေတဲ့ ခပ်မှိန်မှိန်နေရောင်ကြောင့် အနည်းငယ်လင်းနေသည်။ကားသော့ရော ဖုန်းရော လွယ်အိတ်ရော ဧည့်ခန်းက sofaပေါ် ပစ်တင်လိုက်ပြီး လူကတော့ လသာဆောင်ထွက်နေမိသည်။

Life is YouWhere stories live. Discover now