4

4.9K 280 13
                                    

Unicode

၇နာရီ ဆိုတာနဲ့ ထမြည်တဲ့ နှိုးစက်ကြောင့် မိုးထက်ယံ မထချင်သော်လည်း ထရတော့သည်။ဒီနေ့က တနင်္လာနေ့မို့ ရုံးသွားရမည်လေ။ဟိုချာတိတ်ကိုလည်း ကျောင်းလိုက်ပို့ပေးရဦးမှာမို့ ခပ်သွက်သွက်ဘဲ ပြင်ဆင်လိုက်သည်။

"ဒီနေ့စောလှချည်လား ထက်ယံ"

"ဟိုချာတိတ်ရော...သူ့ကို ပို့ရဦးမှာမို့ စောစောထတာ"

"မထသေးဘူး"

"အဒေါ်ကြီး သွား တက်နှိုးလိုက်ပါ"

"ဟုတ် အကိုလေး"

အဒေါ်ကြီး သွားနှိုးပြီး ခဏနေတော့ ဆံပင်စုတ်ဖွားနဲ့ လည်ပင်းမှာလည်း necktieကို သေချာမစီးရသေး...လွယ်အိတ်ကိုလည်း ဖရိုဖရဲလွယ်ကာ ညီညီမျိုးသက် အောက်ရောက်လာသည်။လက်ထဲမှာလဲ စာအုပ်၃အုပ်လောက်ကို ဒီတိုင်းကိုင်လာသည်။

"ဟီးဟီး alarmမပေးဘဲ အိပ်မိသွားလို့"
မိမိကို မျက်နှာချိုသွေးကာ ဆိုလာသူကို မိုးထက်ယံ ခေါင်းသာငြိမ့်ပြလိုက်သည်။အဖေကတော့ ကျွန်တော်တို့၂ယောက်ကို ကြည့်ရင်း ခေါင်းတစ်ခါခါ...

"ညီညီ စားနော်။Breakfastကို ဘယ်လိုစားလဲ မမေးထားမိဘူး။အဆင်ပြေရဲ့လား"

"ပြေပါတယ် ဘဘရဲ့။သားက ဘာဖြစ်ဖြစ်စားတယ်"

"အေးအေး သားစားချင်တာရှိရင်လည်း ကြိုပြောလေ"

"ဟုတ်"

ညီညီမျိုးသက် ပေါင်မုန့်ကို ယိုသုတ်နေတုန်း တစ်ယောက်ယောက်စိုက်ကြည့်နေသလို ခံစားမိလို့ အရှေ့တည့်တည့်ကို ကြည့်မိလေတော့ ဦးက စိုက်ကြည့်နေသည်။ဒါကြောင့် ကြက်သီးတွေထနေတာ...

"ယူမလို့လား"
လက်ထဲက မြေပဲယိုဘူးကို ညွှန်ပြပြီး မေးလေတော့...

"ငါ့ကို အသေသတ်မလို့လား"

"ဟင် ဘာဆိုင်လို့လဲ"

ထိုအခါ ဘဘ က...
"သားရဲ့ ဦးက မြေပဲAllergicရှိတယ်။အဲ့တာကြောင့်....ထက်ယံကလည်း ကလေးကို သေချာမပြောပြဘူး"

"စားလို့ပြီးပြီ။မြန်မြန်စား ငါ ကားထဲမှာ စောင့်မယ်"
ဟုဆိုကာ ထသွားသည့် ဦး။

Life is YouWhere stories live. Discover now