33

3.3K 243 10
                                    

Unicode

ဆု ဟိုနေ့က ရေးနေရင်းမှားနှိပ်မိသွားလို့ပါ😁
အခုတော့ တကယ်တင်လိုက်ပါပြီ
________________________

မီးတွေအကုန်ပိတ်ထားတဲ့ အိမ်ကို ငေးဖူးလား...
အခု မိုးထက်ယံ အိမ်ကြီးကို ငေးပြီး စိတ်ထဲမှာ ညီညီ့ကို အကြိမ်ကြိမ်အော်ခေါ်နေမိတယ်။သူ ကြားပြီး ထွက်လာမလားဆိုတဲ့ မနူးမနပ်အတွေးကို ရင်၀ယ်ပိုက်ရင်းနဲ့ပေါ့။တယ်လီပယ်သီဆိုတာ တကယ်ရှိရင် ကြုံဖူးချင်တယ်...

ကောင်းကင်ကို မော့ကြည့်တော့ တိမ်ရိပ်တွေသန်းနေတယ်။မိုးရွာမယ့်အရိပ်အယောင်။အိမ်ပြန်မလား ဆက်နေရဦးမလား စိတ်ကဝေခွဲမရပေမယ့် ခန္ဓာကတော့ ရှင်းတယ်။ဒီနေရာမှာဘဲ ဆက်ရပ်နေဦးမယ် တဲ့...

#ring ring ring#
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းက တုန်ခါလာတာကြောင့် ထုတ်ကြည့်ပြီး....
"တယ်လီပယ်သီဆိုတာ တကယ်ရှိတာဘဲ"

"ဦး"
နောက်ဆုံးတော့ ကျွန်တော့်ကလေးလေး ပြန်ရောက်လာပြီ။

"​ခုချိန်ထိ မအိပ်သေးဘူးလား။အိပ်မရပြန်ဘူးလား"

"အိပ်လို့ရပါတယ်။အခုက ဦးနဲ့ စကားပြောချင်လို့"

"အင်း...ပြောလေ။ဟာ မိုးရွာလာပြီ"
ဝေါခနဲ ရွာချလိုက်တဲ့ မိုးကြောင့် ကမန်းကတန်းကားထဲ ပြေး၀င်ရတော့သည်။

"အပြင်မှာလား အခု"

"babyတို့အိမ်ရှေ့မှာ"

"ဦးရာ...."
ပြတ်တောက်သွားတဲ့ ဆက်သွယ်မှုအပြီး ခဏအကြာမှာတော့ ခြံတံခါးပွင့်လာပြီး ကောင်လေးတစ်ယောက် ပြေးထွက်လာသည်မို့ မိုးထက်ယံ ကားlockကို ဖြည်ပေးထားလိုက်သည်။

"ဒီအချိန်ကြီး အိမ်မပြန်ဘဲနဲ့ ဦးရာ"
ကားထဲရောက်ရောက်ချင်း မျက်စောင်းနုနုကို လက်ဆောင်ပေး၏။

"လူဆိုးလေးက နေနိုင်နေတော့ မနေနိုင်တဲ့ ကျွန်တော်ကဘဲ..."

"အရက်သောက်ထားတာလား"

"လူဆိုးလေးက ပစ်ထားတော့ သောက်ပြီပေါ့"

"ဦးနဲ့တော့ ခက်တယ်ဗျာ"
ပြောပြောဆိုဆိုနဲ့ ခက်ပါတယ်ဆိုတဲ့ ဒီကောင်ကြီးရဲ့ ရင်ခွင်ထဲတိုး၀င်လာသည်။

Life is YouWhere stories live. Discover now