3💝

2.2K 140 5
                                    

Unicode

"အင်း သားအခု လေယာဥ်ပေါ်ရောက်နေပြီ...အကုန်ပါတယ်"
"ဟုတ်ကဲ့ပါ...ဖုန်းချလိုက်တော့မယ်နော်"
သူ့အမေနဲ့ ဖုန်းပြောနေသော ရှိုင်းအား ကြည့်ရင်း ပိုင်ယံကတော့ ပြုံးစိစိ။

"အကိုကလေ နည်းနည်းပါးပါးကြိုပြောတော့ ဘာဖြစ်မှာမို့လို့လဲ"

"surprise tripပါဆို ကြိုပြောလို့ရမလား ငယ်လေးရဲ့...မျက်နှာကြီးက ဝေခွဲမရတဲ့ပုံစံလုပ်မနေနဲ့တော့ လေယာဥ်ပေါ်ဘဲ ရောက်နေပြီကို"

"သူ့သဘောချည်းဘဲ"

"စိတ်မဆိုးပါနဲ့။ကိုယ်က ငယ်လေး အလုပ်တွေများနေတာ မကြည့်ရက်လို့ ခေါ်လာတာကို...ကိုယ်လည်း အားတာမဟုတ်ဘူး။ခွင့်ယူထားရတာ..စိတ်ဆိုးမနေနဲ့။ပျော်ရအောင် နော်...please..."

"အင်း အင်း"

"ဒီလိုမှပေါ့"

လွန်ခဲ့သော မိနစ်၃၀ခန့်က....

"ဟိုဘက်က နေကြာပန်းခင်းပုံကို တော်တော်သဘောကျတယ်"
ထက်ယံ၏ စကားအဆုံး အကြည့်တို့က ပင်လယ်ကမ်းခြေပုံပန်းချီကားဆီမှ ထောင့်ဘက်က နေကြာပန်းခင်းပုံပန်းချီကားထံ ကူးပြောင်းသွားသည်။

"ထက်ယံ မင်းကလေးလေးရော"

"ငါ့ကလေးကို အလုပ်တွေလုပ်ခိုင်းထားပြီး မင်းတို့ကောင်တွေကျ ဒီမှာလာသာယာနေပြီးတော့များ မေးလို့ ထွက်တယ်နော်"
အံ့ကြိတ်ကာ ပြောလာသည့် ထက်ယံကြောင့် ရှိုင်းနဲ့လင်းခေတ် လက်သီးချင်းတိုက်ကာ ကျိတ်ရယ်ရတော့သည်။

"မေ Toiletခဏသွားဦးမယ်"

"ရလား ကိုယ်လိုက်ပို့ပေးမယ်လေ"
ဘရဏီ့ကိုယ်၀န်က ၇လကျော် ၈လထဲ ရောက်နေပြီမို့ လင်းခေတ်တစ်ယောက် မိန်းမကို ပိုလို့သည်းသည်းလှုပ်နေတော့သည်။ဗိုက်ထဲက သမီးလေးဆိုတာ သိပြီးထဲက ထက်ယံနဲ့ရှိုင်းကိုလည်း ကြွားမဆုံး။

"နေနေ ရတယ်"

"သတိထားသွားနော်"

"အင်းပါ"

"ငါကတော့ ငါ့တူမလေးကို ဘရဏီနဲ့တူပါစေလို့ဘဲ ဆုတောင်းတယ်။အဲ့တာမှ ချောပြီးချစ်ဖို့ကောင်းမှာ"

Life is YouWhere stories live. Discover now