16

3.9K 253 24
                                    

Unicode

"ဦးရဲ့ birthday planက ဒါအကုန်ဘဲလား"

"အင်း ညကျမှ ဟို၂ကောင်နဲ့ clubဖြစ်ဖြစ် barဖြစ်ဖြစ် သွားမှာ"
ညီညီမျိုးသက် မျက်လုံးလေး လက်ခနဲဖြစ်သွားသည်။Clubတို့Barတို့ဆိုတာ ​အရိပ်တောင်မနင်းဖူးတာမို့ သွားချင်စိတ်က ကလိကလိဖြစ်လာသည်။

"ဦး...လိုက်လို့ရလား"

"ဟေ ဘာကိုလဲ"
မီးပွိုင့်မိသွားတာကြောင့် ညီညီ့ဘက်ကို လှည့်ကြည့်ကာ မေးခွန်ထုတ်လာ၏။

"clubကိုလေ"
ပြုံးစစနဲ့ ပြောလိုက်လေတော့...

"မလိုက်ပါနဲ့"
ဟု တန်းအငြင်းခံလိုက်ရသည်။

"ဟင်း~~"
သက်ပြင်းလေးချပြီး ရုပ်လေးက အိုပြလိုက်တာနဲ့ ချက်ချင်း...

"ဟူး...ဒီလိုလုပ်..လိုက်ချက်သပါ့ဆိုရင် လိုက်လို့တော့ရတယ်။မသောက်ရဘူး...Okလား"

"အသက်က ပြည့်ပြီးနေပေမဲ့လို့ တစ်ခါ~~~မှ မသောက်ဖူးတော့လေ"
သနားစဖွယ်လေး ပြောပြလိုက်ပေမဲ့ ဒီတစ်ခါတော့ အကြောင်းပြချက် ကောင်းကောင်းနဲ့ ယတိပြတ်အငြင်းခံလိုက်ရပါသည်။

"မသောက်ရဘူး။အန်ကယ့်ကို ညစာလိုက်ကျွေးမယ်ဆိုပြီး ခေါ်ထုတ်ပေးမှာမို့ သောက်တာကတော့ No မရဘူး"

"ဟုတ်~~"

"လိမ္မာပါတယ်"
ခေါင်းကို ခပ်ဖွဖွပွတ်သပ်ကာ ပြောလာသူ။
*ငါ့ရင်တွေ ဘာလို့ခုန်နေရတာလဲ*
ဦးကတော့ ကားမောင်းတဲ့ဆီမှာ အာရုံပြန်စိုက်နေပြီဖြစ်သည်။

"အန်ကယ့်ကို လိမ်ရမှာလည်း ခပ်လန့်လန့်။အကြီးဖြစ်ပြီး အတတ်ကောင်းတွေ သင်ပေးနေမိပြီလား...."

"ဟဲဟဲ နည်းနည်း..."
ညီညီသွားဖြီးကလေးနဲ့ ပြန်ဖြေတော့ ဦးက သဘောတကျရယ်သည်။

"ဦး"

"အင်း ပြော"

"ဦး အသက်၁၉တုန်းက ဘာတွေလုပ်ခဲ့လဲ"

"သာမန်ပါဘဲ ကျောင်းတက်တယ်။ဟို၂ကောင်နဲ့ လျှောက်သွားတယ်။ချာတိတ်လိုဘဲပေါ့..."

"ဒါဆို ကျွန်တော် ဦးအရွယ်ရောက်ရင် ဦးလို ဘာလုပ်လုပ်ကြည့်ကောင်းနိုင်လား"
ဦးက မျက်ခုံးပင့်ကာ လှည့်ကြည့်သည်။

Life is YouWhere stories live. Discover now