2

6.3K 293 9
                                    

Unicode

ကားမောင်းနေရင်းနဲ့ ပေါင်ပေါ်တင်ထားတဲ့ ကိုယ့်လက်ကို လာကိုင်တဲ့ ကိုကို။စိတ်ကောက်နေမှန်းသိလို့ လိုက်ချော့နေသူကို ညီစေဦး လှည့်ပင်မကြည့်ပါ။

"ကိုယ် ဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ပါ ညီရယ်...စိတ်မဆိုးပါနဲ့။အခု ညီ့အနားရောက်နေပြီဘဲကို"

"ကျွန်တော်ပြောတာဆို ဘယ်တော့မှ အလေးမထားဘူး။ခေါင်းထဲမှာ အဲ့အလုပ်ဘဲရှိတယ်။ကျွန်တော့်အတွက် နေရာမရှိဘူး"

ဖြစ်နေရတဲ့အကြောင်းအရင်းက လွန်ခဲ့တဲ့ ၂ရက်ထဲက ညီစေဦး မိုးထက်ယံကို ဒီနေ့တွေ့ကြမယ်လို့ ကြိုပြောခဲ့သည်။သို့သော် ရှယ်ယာရှင် အစည်းအဝေးက အရမ်းနီးနေပြီမို့ အလုပ်ထဲမှာ အာရုံစိုက်နေတာကြောင့် ဒီနေ့တွေ့မယ်ဆိုတာကို မိုးထက်ယံ မေ့နေခဲ့သည်။

ညီစေဦးက ၉နာရီလာခေါ်ဖို့ ပြောထားပြီး ၁၀နာရီထိုးခါနီးထိ ရောက်မလာတာကြောင့် ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးတော့မှ မိုးထက်ယံတစ်ယောက် သူမေ့နေခဲ့ကို မှတ်မိလေသည်။ထို့ကြောင့် ညီစေဦးတစ်ယောက် အကောက်ကြီး ကောက်နေလေတော့သည်။

"တကယ်Sorryပါ ညီရယ်....ကိုယ့်ကို ခွင့်လွှတ်ပါနော်။နောက်တစ်ခါ မဖြစ်စေရဘူးနော် ညီ နော်....."

"ကိုကို က အမြဲအဲ့လိုဘဲ တွဲလာတဲ့ ၅လမှာ ဒီလိုအဖြစ်မျိုး ကိုကို တစ်လ ၂ခါအနည်းဆုံး လုပ်တယ်။နောက်တစ်ခါမဖြစ်စေရဘူး ဆိုပြီး လုပ်တိုင်းပြောတယ်။ပြောပြီးတိုင်းလည်း အမြဲ တူတဲ့အမှားဘဲ ကိုကိုလုပ်တယ်"

"ညီရယ်...ကိုယ်ဒီတစ်ခါ တကယ် နောက်ဆုံးပါ"

"မယုံဘူး"

မိုးထက်ယံ သက်ပြင်းချပြီး ကားမောင်းတာကို အာရုံပြန်စိုက်လိုက်သည်။ရည်ရွယ်ရာ နေရာက မြောက်ဒဂုံမှာရှိတဲ့ မိုးထက်ယံရဲ့ တိုက်ခန်းသို့...။တခြားနေရာမှာ သူများအတွဲတွေလို ကြည်နူးချင်ပေမဲ့ မိုးထက်ယံက အခုတလော ရှယ်ယာရှင်တွေရဲ့ မျက်စိထောင့်ထောက် ကြည့်တာ ခံနေသည်မို့ မိမိတိုက်ခန်းမှာသာ တွေ့ခြင်းဖြစ်သည်။

"ရောက်ပြီ ညီ"
မိုးထက်ယံကို လှည့်ပင်မကြည့်ဘဲ ကားပေါ်ကနေ ခြေဆောင့်ကာ ဆင်းသွားသည်။ဒီကောင်လေး ဒီတစ်ခါ တော်တော်စိတ်ဆိုးနေတာ...

Life is YouWhere stories live. Discover now