9

3.9K 236 3
                                    

Unicode

"ဦး တော်တော့လို့!!"
နောက်တစ်ချက်ထပ်ထိုးရန်အတွက် လေထဲ ​မြောက်တက်လာသောလက်ကို ဖမ်းဆွဲပြီး ညီညီတားနေရသည်။ထို့သို့တားလိုက်တာကြောင့် ထပ်မထိုးတော့ပေမဲ့ ဟိုလူပေါ်မှာတော့ တက်ဖိထားဆဲ...

လုံခြုံရေး ၃ယောက် ရောက်လာတော့မှ ဦးက တက်ဖိထားရာကနေ ဖယ်ပေးသည်။

"ရဲစခန်းပို့လိုက်"

"ဟုတ်ကဲ့ Boss..."

"ခဏ"
ထွက်သွားဖို့ လုပ်နေတဲ့ လုံခြုံရေး၀န်ထမ်းတွေက ပြန်လှည့်လာသည်။

"ဒီကောင့် ခန္ဓာကိုယ်ကို စစ်"
လုံခြုံရေးတွေက သူခိုးလားဘာလားမသိတဲ့လူကို ၀ိုင်းစစ်နေကြပြီး ဦးက သူ့အံ့ဆွဲတွေကို သွားစစ်နေသည်။

"ဘာမှမတွေ့ပါဘူး boss"

"အင်း ငါ့ဆီကလည်း ဘာမှမပျောက်ဘူး။ခေါ်သွားတော့ ရပြီ"

"ကျစ်!!ရဲတင်းလိုက်တာ"
စားပွဲကို ဘုန်းခနဲ ရိုက်ရင်း ပြောလာသည်။

"ဦး ဘယ်နားထိသွားသေးလည်း ခုနက"
ညီညီမေးလိုက်လေတော့ သက်ပြင်းချကာ ကျောဘက်ကို လက်ညှိုးထိုးပြပြီး...

"မသိဘူး...စပ်ဖြင်းဖြင်းတော့ဖြစ်နေတယ်။ကြည့်ပေးပါ"
ကျောလှည့်ပြလာတော့ ညီညီမျက်လုံးပြူးရတော့သည်။ဓားနဲ့ ခြစ်မိထား၍ အပေါ်ကုတ်အင်္ကျီက ပြဲနေသည်မှာ တစ်ထွာမက....

"ဦး ကုတ်အင်္ကျီ မြန်မြန်ချွတ်...အာ မဟုတ်ဘူး ဖြေးဖြေးချွတ်...ဘယ်ဘက်လက်အရင် ထုတ်လိုက် ညာဘက်ကို မလှုပ်နဲ့"
ညီညီပြောတဲ့အတိုင်း ဘယ်ဘက်ကို အရင်ချွတ်သည်။ညာဘက်ကိုတော့ ဦးကိုမလှုပ်ခိုင်းဘဲ ညီညီ့ဘာသာ ဆွဲချွတ်ပေးလိုက်သည်။

"အား...အကြီးကြီးဘဲ...လာ ဆေးရုံသွားမယ်"

"သွားလို့ မဖြစ်သေးဘူး။ရဲစခန်းလိုက်ရဦးမယ်"

"ဦးက ဘာလို့ ကျွန်တော့်ရှေ့က ၀င်ကာလိုက်တာလည်း!!မကြောက်ဘူးလား။သွေးထွက်လွန်မယ် ဆေးရုံသွားရအောင်....ဘာလို့ကာပေးတာလဲ။ဆေးရုံသွားမယ်....ဆေးရုံသွားမှဖြစ်မယ်"
စကားတွေက ဟိုရောက်ဒီရောက်နဲ့ ဖြစ်နေရုံသာမက ပြောရင်းနဲ့ မျက်ရည်တွေပါ ၀ဲတက်လာတာကြောင့် မိုးထက်ယံ ကမန်းကတန်း...

Life is YouWhere stories live. Discover now