10

4.3K 224 8
                                    

Unicode

မိုးထက်ယံ နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။၄နာရီစွန်းစွန်းသို့ ရောက်နေပြီ ဖြစ်သော မိနစ်လက်တံ...စထွက်ဖို့ အချိန်ကျပြီ။ချာတိတ်ကို ၀င်ခေါ်မှာနဲ့...လေဆိပ်သွားမှာနဲ့...အခုချိန်ထွက်မှ အဆင်ပြေလိမ့်မည်။

မနက်ထဲက ရုံးကို ယူလာတဲ့ Luggageက အခန်းထောင့်မှာ အဆင်သင့်ရှိနေသည်။ကိုထွန်းကို ဖုန်းဆက်ပြီး အခန်းထဲလာခိုင်းလိုက်သည်...

"သွားတော့မလား BOSS"

"အင်း ကားကို အောက်မှာ Readyစောင့်ခိုင်းထားလိုက်။ပြီးတော့ ကိုထွန်း ဒီအိတ်ယူပြီး အောက်အရင်ဆင်းနှင့် ကျွန်တော် ဒုဥက္ကဋ္ဌအခန်းခဏသွားပြီး လိုက်လာခဲ့မယ်"

"ဟုတ်ကဲ့ boss"

မိုးထက်ယံ အံ့ဆွဲတွေ သေချာသော့ခတ်ပြီးတာနဲ့ စားပွဲပေါ်တင်ထားတဲ့ ဖုန်းနဲ့ပိုက်ဆံအိတ်ယူကာ ဒုဥက္ကဋ္ဌအခန်းသို့ ဦးတည်လိုက်သည်။

"ဒုဥက္ကဋ္ဌ အထဲမှာရှိလား"

"ရှိပါတယ်"
အတွင်းရေးမှုးက အထဲကို ဖုန်းလှမ်းဆက်ပြီး မိုးထက်ယံရောက်နေကြောင်း သတင်းပို့နေ၍ ခဏရပ်စောင့်နေလိုက်သည်။

"၀င်လို့ရပါတယ် ဥက္ကဋ္ဌ"

အခန်းထဲ၀င်သွားတော့ ကိုသွေးက သူစစ်နေလက်ဆ စာရွက်တွေကို အစီအညီ ပြန်ပုံလိုက်ပြီး အလုပ်စားပွဲရှေ့က sofaဆီသို့ လျှောက်လာသည်။

"လာ လာ ထက်ယံ"

"ကျွန်တော့် ဟိုနေ့က ပြောထားသလိုဘဲ ဒီ၃ရက်တော့ အပ်ပါတယ်"

"​စိတ်ချပါကွာ။အခု သွားတော့မလို့လား"

"အင်း သွားတော့မှာ။ပြန်လာရင် ဘာ၀ယ်ခဲ့ရဦးမလဲ"

"ငါ့အတွက်မလိုပါဘူးကွာ။နရီ့အတွက်ဘဲ ၀ယ်ခဲ့ပေးလိုက်ပါ"

"ဟုတ်ပါပြီ။ဒါဆို ကျွန်တော်သွားတော့မယ်"

လက်ပြနှုတ်ဆက်ရင်း ထွက်လာလိုက်သည်...

ကားပေါ်ရောက်တာနဲ့ ချာတိတ်ကို ဖုန်းဆက်ပြီး လာနေပြီဖြစ်ကြောင်း အကြောင်းကြားရသည်။အိမ်က အဖေကို သွားတော့မည့်အကြောင်း လှမ်းပြောရသည်။

Life is YouWhere stories live. Discover now