32

3.7K 265 22
                                    

Unicode

"စေ့စပ်ပွဲ ဟုတ်လား"
ဘာစိတ်ကူးပေါက်သလဲ မသိ ကန်ဘောင်သွားမယ်ဆိုတာနဲ့ လိုက်လာတာ ကန်ဘောင်ပေါ်ရောက်ရောက်ချင်း သူပြောလိုက်သည့် စကားက ညီစေဦးရင်ကို ထိုးခွင်းလိုက်တဲ့ မြှားတစ်စင်းအလား....

"အင်း...jasmineနဲ့"

"သြော်"

"သြော်ဘဲလား....တခြားဘာမှမပြောတော့ဘူးလား"

ကိုဦး မျက်နှာကို သေချာကြည့်မိသည်။

တည်ငြိမ်နေတာဘဲ။စေ့စပ်ပွဲကိစ္စကို ပေါ့ပေါ့ပါးပါးလေး ပြောနေတာ။အေးလေ သူက ဘယ်ခံစားရမှာလဲ။ကိုယ့်အပေါ်ကို ဘာခံစားချက်မှ မရှိဘဲ...သူမှ ညီစေဦးလို မခံစားရဘဲ။သူပေါ့ပါးနိုင်တာပေါ့....

"ဒါဘဲလေ...ကျွန်တော်က ဘာပြောရဦးမှာလဲ"
တိုက်ခတ်နေတဲ့လေကြောင့် လှိုင်းကြက်ခွပ်တွေ ပြေးနေတဲ့ ရေပြင်နဲ့ မသက်ဆိုင်စွာ ညီစေဦး စိတ်ကတော့ ငြိမ်နေသည်။စိတ်မလှုပ်ရှားတာမဟုတ်ဘဲ ရင်ထဲဗလာဖြစ်သွားတဲ့ ခံစားမှုကို ခံစားနေရခြင်းဖြစ်သည်။

"ငါတို့၂ယောက်အတွက် ဒီနေရာက အစဘဲနော်"
ခွဲခါနီးမို့ လွမ်းခန်းဖွင့်လေသလားလို့ ပြုံးပြီး မေးချင်လိုက်တာ...

"အင်း"

"ငါ့ရဲ့ပါတနာဖြစ်ပေးဖို့ တောင်းဆိုခဲ့တာလည်း ဒီနေရာမှာဘဲ"

"အင်း"

"ဒီကြားထဲတော့ မရောက်ဖြစ်ဘူးနော်"

"အင်း"

"ဘာလို့ တအင်းအင်းဘဲ ပြောနေတာလဲ"

"ကျွန်တော်က အင်းဘဲ ပြောရမှာပေါ့။ဘာများပြောရဦးမှာလဲ ကိုဦးရဲ့"
အော်ပြောတယ်လို့လည်း မဆိုနိုင် သာမန်အသံထပ် နည်းနည်းမြှင့်ပြောလိုက်ခြင်းဖြစ်၍ ကိုဦးက အလန့်တကြားကြည့်လာသည်။

"ဘာလဲ...ဘာတွေ seriousဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး"
သူ့အကြည့်တွေကို ရှောင်လွှဲလို့ ကန်ရေပြင်ကို ငေးချင်ယောင်ဆောင်မိသည်။

"ဘယ်Hotelမှာလုပ်ရင် ကောင်းမလဲ....Sedonaမှာ ကောင်းလား။ဒါမှမဟုတ် Novotelဆိုရင်ရော"
ညီစေဦးမကြားသလိုနေလေတော့ သူက

Life is YouWhere stories live. Discover now