5💝

2.3K 141 17
                                    

Unicode

"ညီစေဦး!!"
ဒေါကြီးမောကြီးနဲ့ အိမ်ထဲ၀င်လာသူကြောင့် ညီစေ နှာခေါင်းရှုံ့မိသည်။

"ဘာလဲ"

"နေ့လည်က Junctionမှာ အတူတွေ့လိုက်တဲ့ မိန်းကလေးက ဘယ်သူလဲ"

"အဲ့တာ နေ့လည်ထဲက လာမေးပါလား။အမျိုးသမီးကြီးနဲ့ပြုံးဖြီးနေမဲ့အစားလေ"

"ဟ ငါက အလုပ်ကိစ္စကွ"

"ကျွန်တော်လည်း သင်တန်းကိစ္စလေ"
သူတပြန် ကိုယ်တပြန် စကားမများရတာ အတော်ကြာသွားပြီမို့ ရန်ဖြစ်လို့ အတော်ကောင်းသည်ဟု ညီစေဦး စိတ်ထဲတွေးမိသည်။

"သင်တန်းကိစ္စက အဲ့လောက် ပြုံးပျော်နေစရာလား"

"ဟ ခင်ဗျားတောင်ဖြီးနေသေးတာဘဲ။ကျွန်တော်က ပြုံးလို့တောင်မရဘူးလား"

"ငါက လူမှုရေးအရ"

"ကျွန်တော်လည်း လူမှုရေးအရဘဲ"

"မရဘူးကွာ။ငါမဟုတ်တဲ့သူရှေ့က အဲ့အစွယ်တွေ ပေါ်အောင် ပြုံးပြစရာမလိုဘူး"

"ဒီပါးစပ်ကြီးနဲ့ ပြုံးရတာကို ဒီအစွယ်မပေါ်လို့ ဘယ်အစွယ်ပေါ်ရမှာလဲ"

"မကြိုက်ဘူးကွာ"
လေသံလျှော့လာပြီမို့ ညီစေဦး စိတ်ထဲကနေ ကျိတ်ရယ်မိသည်။

"ကိုဦး အခု ကျွန်တော့်ကို သံသယ၀င်နေတာလား"

"သဝန်တိုနေတာ မင်းမေဘိုးအေရဲ့"

"ဟားဟား ဟားဟား"
ညီစေဦးတစ်ယောက် ၀က်၀က်ကွဲအောင် ထရယ်ပါတော့သည်။

"အဲ့တာ သင်တန်းကမိတ်ဆွေပါ ကိုဦးရယ်။ခင်ဗျားမြင်လိုက်တဲ့ ပြုံးနေတယ်ဆိုတာကလည်း သူ့ကလေးအကြောင်းပြောပြတာ သဘောကျလို့ ပြုံးလိုက်တာပါဗျာ"
ရယ်ရသည်မှာ ဗိုက်ပင်အောင့်သည်။

"ပြီးရော..."

"ကိုတိုကြီး ဘယ်လဲ"

"ရေချိုးမလို့ဟေး လိုက်ဦးမလား"
လည်ပင်းကနေ ဆွဲချွတ်လိုက်သော necktieနှင့် လှမ်းပေါက်ရင်း ပြောလာသည်။

"အဲ့တာကျားဂူကြီး မှန်းသိသားဘဲ။မလိုက်ပေါင်"
ညီစေဦး ရယ်သံက အိမ်ထဲမှာ ပျံ့လွင့်သွားတော့သည်။

Life is YouWhere stories live. Discover now