43[Final]

6.9K 277 21
                                    

Unicode

ဘ၀ဆိုတာ အင်မတန်ထူးဆန်းပါတယ်။ကံဇာတ်ဆရာအလိုကျ ရရာဘ၀မှာ အဆင်ပြေအောင် နေထိုင်ရင်း ကြီးပြင်းကြရတယ်။ဆင်းရဲတဲ့ဘ၀လား.. ချမ်းသာတဲ့ဘ၀လား.. အလယ်အလတ်တန်းစားဘ၀မျိုးလား.. ရွေးချယ်ခွင့်မရှိဘဲ မွေးဖွားလာကြရတယ်။

ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နေတဲ့ ပတ်၀န်းကျင်လား.. လက်ညှိုး၀ိုင်းထိုးကာအမုန်းဝေတဲ့ ပတ်၀န်းကျင်လား.. အေးစက်တဲ့အသိုင်းအ၀ိုင်းလား.. နွေးထွေးတဲ့အသိုင်းအ၀ိုင်းလား..
ကောင်းတဲ့မိဘလား..
ဆိုးတဲ့မိဘလား..
မွေးဖွားလာကထဲက ရွေးချယ်ခွင့်မရတဲ့အရာတွေ အများကြီးထဲ မင်းကိုတော့ဖြင့် ရွေးချယ်နိုင်ခဲ့တယ်။

Right time right person...
Wrong time right person...
ဘယ်လိုဘဲဖြစ်ဖြစ် ချစ်ရတဲ့သူမဟုတ်လား..ဘ၀ရဲ့အဖော်အမွန်ကောင်းမဟုတ်လား..ကိုယ်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘေးမှာအပြုံးတစ်ပွင့်နဲ့ ရှိနေပေးသူမဟုတ်လား..မည်သို့ပင်ဖြစ်စေကာမူ ချစ်နေမယ့်သူမဟုတ်လား..

Timingဆိုတာအရေးကြီးပေမဲ့ တစ်ချို့အခြေအနေတွေမှာတော့ timingမကိုက်လည်း အဆင်ပြေခဲ့ကြတယ်။timingကိုက်ရင်တော့ တကယ့်ကိုဘုရားပေးတဲ့ဆု လို့ဆိုရမှာဘဲ။

ဘယ်လိုဘဲ ဆုံစည်းခဲ့ကြပါစေ ဘယ်လိုဘဲ ခက်ခဲခဲ့ပါစေ...တကယ်တော့ အချစ်ဆိုတဲ့အရာက သိမ်မွေ့ပြီးလှပပါတယ်...

လဲကျတဲ့အခါ ထူပေးတဲ့လက်တစ်စုံအဖြစ်...၀မ်းနည်းတဲ့အခါ မှီခိုစရာ ပခုံးတစ်ဖက်အဖြစ်...အားငယ်တဲ့အခါ ပုန်းခိုစရာ ရင်ခွင်ကျယ်တစ်ခုအဖြစ်...ပင်ပန်းတဲ့အခါ ခွန်းအားဖြစ်စေမယ့် အပြုံးတစ်ပွင့်အဖြစ်...ဘယ်လိုဘေးဒုက္ခမျိုး ​ကျရောက်သည်ဖြစ်စေ ကာကွယ်ပေးမဲ့ တံတိုင်းတစ်ခုအဖြစ်...

အောင်မြင်ချိန်မှာ လက်ခုပ်တီးပြီး ကျရှုံးချိန်မှာ ခွန်အားပေးလို့ လက်ရှိ ပစ္စုပ္ပန်မှာရော ရှေ့လာမယ့် အနာဂတ်မှာပါ မင်းနဲ့အတူ ရှိပေးမယ်။

-

နွေရာသီရဲ့မနက်ခင်းနေခြည်နွေးနွေးက မျက်နှာပေါ်သို့ဖြာကျလာလေပြီ။မဖွင့်ချင်တဲ့ မျက်လုံးတွေကို ဒီနေ့သောကြာနေ့ဟူသော အသိဖြင့် ကြိုးစားဖွင့်လိုက်ရသည်။ရင်ခွင်ထဲမယ်တော့ ညီစေဦးက အိပ်ပျော်နေဆဲ...

Life is YouWhere stories live. Discover now