7

4.1K 254 15
                                    

Unicode

ကိုယ်က နေရာအဟောင်းမှာ သူ့ကို အစားထိုးလိုက်တာမျိုး မဟုတ်ဘဲ
ကိုယ့်ဘ၀ထဲမှာ သူ့ကိုယ်ပိုင်နေရာကို သူကိုယ်တိုင် ဖန်တီးတာမျိုး။

-မိုးထက်ယံ

~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°
"လူနာရှင်တွေ အပြင်ထွက်ပေးပါ..."
အတင်းမောင်းထုတ်ပါသော သူနာပြုအားလည်း အပြစ်မဆိုရက်ပါ။

"မေမေ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး..."
မျက်စိရှေ့မှာ ခေါင်းငိုက်စိုက်ကျနေတဲ့ ဖေဖေ။တံခါးနောက်မှာ အသက်လုနေရတဲ့ မေမေ...ကျွန်တော်လည်း ရင်တွေနာလှပါပြီ...

"ဖေဖေ....မေမေ အဆင်ပြေသွားမှာပါနော်"
ဖေဖေခေါင်းငြိမ့်ပြသည်။

"သားမေမေက သား ဘွဲ့ယူတာကို ကြည့်ဖို့ အားတင်းထားမှာပါ"
မျှော်လင့်ချက်က ခပ်ယဲ့ယဲ့....မနေ့က မေမေ့အခြေအနေသိပ်မဟန်တော့မှန်း ဖေဖေ့ကို ဒေါက်တာ​ပြောနေတာ ညီညီကြားပါသည်။သို့သော် မကြားချင်ယောင်ဆောင်ထားမိသည်။မေမေက ကိုယ့်ကို ကျောခိုင်းခဲ့မဲ့ သူမဟုတ်ဘူး....

"ညီညီ အိမ်ပြန်ပြီး နားလိုက်လေ မနေ့ကထဲက သား မနားရသေးဘူး။သွား သွားပြန် နားချည်။ဖေဖေ ဒီမှာရှိနေမှာပါ....သား ကျောင်းလည်း မသွားဘူး"
မေမေက မနေ့ကထဲက အသည်းအသန်ဖြစ်နေတာမို့ ညီညီကျောင်းလည်း မတက်ဖြစ်ပါ။

"သား မေမေ့နားဘဲ နေချင်တယ်"

အခန်းထဲက ဆရာ၀န်တွေထွက်လာတာကြောင့်...
"ဆရာ အခြေအနေ ဘယ်လိုရှိလဲ"

"စိတ်ကို အဆင်သင့်ပြင်ထားကြပါ"
ဒါဘဲလား....မနေ့ညကလည်း တရေးမှ အိပ်မရဘဲ နှလုံးခုန်တာ ကျကျသွားလို့ ခက်ခက်ခဲခဲ ဒီနေ့ထိ တောင့်ခံနေတဲ့ မေမေ့အတွက် ဘာလို့ ဒီစကားလဲ။

ညီညီ မေမေ့လက်လေးပြေးကိုင်ကာ မျက်နှာလေးကို အသေအချာကြည့်နေမိသည်။အောက်ဆီဂျင် ဖြုတ်ထားလိုက်ပြီ ဖြစ်တာကြောင့် မျက်နှာလေးကို ရှင်းနေအောင် မြင်ရသည်။

"မေမေ သား တရားဖွင့်ပေးမယ်နော်"
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ကာ တရားတစ်ပုဒ်ဖွင့်ပေးထားလိုက်သည်။မငိုဘူး...မေမေ စိတ်မဖြောင့် ဖြစ်လိမ့်မယ်...ကျွန်တော် လုံး၀မငိုဘူး။

Life is YouWhere stories live. Discover now