31

3.5K 260 22
                                    

Unicode

"ဘာကိစ္စရှိခဲ့လို့လဲ အန်ကယ်"
တစ်ဖက်ကနေ အန်ကယ့်ရဲ့ သက်ပြင်းချသံထွက်ပေါ်လာသည်။

"ဘုန်းဘုန်းဆီသွားရင်း အမှတ်မထင်ဘဲ ညီညီ့အမေအရင်းရယ် အမြွှာအကိုရယ်နဲ့ ဆုံခဲ့တယ် ထက်ယံ..သူတို့က ဆွမ်းချိုင့်လာပို့ကြတာ"
မိုးထက်ယံ တလောကလုံးကို မေ့လို့ ဦးမျိုးသက်၏စကားကိုသာ အာရုံစိုက်ထားမိသည်။

"ဆင်ခြင်ဥာဏ်နည်းတယ်ပြောမလား။ရက်စက်လွန်းတယ်ဘဲ ပြောရမလား...စွန့်ပြစ်ရတဲ့အကြောင်းအရင်းက အန်ကယ်တွေးထားသလို ပြုစုပျိုးထောင်ဖို့ မတတ်နိုင်လို့မဟုတ်ဘူး။ဗေဒင်က ခြေလေးချောင်းအ၀င်မခံနဲ့ ကံဆိုးမိုးမှောင်ကျမယ်လို့ ဟောလို့ အမြွှာ၂ယောက်မှာ နောက်မှမွေးတဲ့ ညီညီ့ကို စွန့်ပစ်လိုက်တာတဲ့။ဘီလူးနက္ခတ်နဲ့မွေးတဲ့ကလေး ဆိုလား။ညီညီမွေးတဲ့အချိန်မှာဘဲ သူ့အဖေကလည်း လှေကားပေါ်က ပြုတ်ကျတယ်တဲ့ အဲ့တာနဲ့ဘဲ ဘာမှတွေးမနေတော့ဘဲ စွန့်ပစ်လိုက်တယ်တဲ့"
မိုးသက်ယံ ရင်ထဲစို့နစ်သွားရသည်။

ဘာအပြစ်မှမရှိတဲ့ မွေးကင်းစ ကလေးကို ဗေဒင်ကြောင့်နဲ့ စွန့်ပစ်သည်တဲ့လား...

"အဲ့တာက တစ်ကြောင်း"
ထပ်ရှိသေးတယ်ပေါ့...

"ညီညီက သူတို့ပြန်မယ်ဆိုတာနဲ့ ကန်တော့မယ်ဆိုတာတောင် လက်မခံဘူး။သူ့အကိုကအစ ဂြိုဟ်ကောင်တွေဘာတွေပါ ပြောတာ...အန်ကယ်လည်း တော်တော်စိတ်တိုသွားပေမဲ့ ဘုန်းဘုန်းလည်းရှိနေတော့ ဘာမှပြောမနေတော့ဘဲ ဘုန်းဘုန်းကို ကန်တော့ပြီး ညီညီ့ကို ပြန်ဆွဲခေါ်လာခဲ့လိုက်တယ်။ဘယ်နှယ့်....ရက်စက်တာလည်း တော်ရုံပေါ့"
အန်ကယ်လည်း ပြောရင်း ဒေါသထွက်လာပုံရသည်။တောက်ခေါက်သံကျယ်ကျယ်က လေလှိုင်းကိုဖြတ်လို့ နားထဲတိုး၀င်လာ၏။

"ညီညီ အခြေအနေ တော်တော်ဆိုးလား အန်ကယ်"

"ပြန်လာတဲ့ လမ်းတစ်လျောက်လုံးလည်း မင်သေသေနဲ့။အခုလည်း အခန်းတံခါးပိတ်ပြီး ဘယ်သူမှ အ၀င်မခံဘူး"

"ကျွန်တော် ခုနက ဖုန်းဆက်တုန်းကတော့ ကိုင်တယ်။အသံက တော်တော်ပျော့နေတာ"

Life is YouWhere stories live. Discover now