12

3.7K 213 6
                                    

Unicode

Cameraတွေ note bookတွေ တစ်ချို့ကလည်း laptopကြီးတွေ တကားကားနဲ့ သတင်းထောက် အယောက်၃၀ခန့် Lobbyမှာ နေရာယူထားသည်။မိုးထက်ယံ သက်ပြင်းတစ်ချက်ချပြီး သတ်မှတ်ထားတဲ့ စင်မြင့်လေးပေါ်တက်လိုက်တာနဲ့ မေးခွန်းပေါင်းများစွာကို အပြိုင်အဆိုင် လုယက်မေးကြတော့၏...

"ခဏလေး ငြိမ်ပေးကြပါ။တစ်ယောက်ချင်းစီ မေးသမျှကို သေချာဖြေပေးမှာပါ။ကျေးဇူးပြုပြီး နေရာတကျ ငြိမ်ငြိမ်နေပေးကြပါ"
ကိုထွန်းက ခပ်ကျယ်ကျယ်အော်လိုက်တော့မှ မီးပုံကြီးကို ရေနဲ့ပက်လိုက်လို့ ဟုတ်ခနဲ ငြိမ်းသွားသလို ဆူညံနေတဲ့ လူအုပ်ကြီးက ချက်ချင်းငြိမ်သွားတော့သည်။

"အားလုံး တွေ့ရတာ ၀မ်းသာပါတယ်။ကျွန်တော် SKYရဲ့CEOမိုးထက်ယံပါ။မနေ့က ထွက်လာတဲ့ ဓာတ်ပုံတွေနဲ့ ကောလဟာလတွေအတွက် လူကြီးမင်းတို့ မေးသမျှကို ဖြေပေးပါ့မယ်။ကျွန်တော်တစ်ခုတောင်းဆိုချင်တာက မဟုတ်တရုတ်တွေ သတင်းမလုပ်ဖို့ပါဘဲ။ညာဘက်ထောင့်က လူကြီးမင်း မေးခွန်းရှိရင် မေးနိုင်ပါပြီ"

"CEOကြီးနဲ့ ပုံထဲကကောင်လေးက ကိုရီးယားမှာ တူတူရှိနေခဲ့တာ ဟုတ်ပါသလား"

"ဟုတ်ပါတယ်"

"ဘာကိစ္စကြောင့်များလဲ"

"အလုပ်ကိစ္စပါ။ကြော်ငြာသွားရိုက်တာပါ"

အလယ်တည့်တည့်မှာ ထိုင်နေတဲ့ သတင်းထောက်က လက်ထောင်လိုက်တာကြောင့် မိုးထက်ယံက မေး ဟူသောသဘောဖြင့် မေးဆတ်ပြလိုက်လေတော့....
"ကြားရသလောက် ပုံထဲကကောင်လေးက အနုပညာလောကသားတော့ မဟုတ်ဘူးလားလို့"

"မှန်ပါတယ်။သူက အနုပညာလောက ကမဟုတ်ပါဘူး။မထင်မှတ်ထားတဲ့အခြေအနေကြောင့် သူက ကူညီပေးခဲ့တာပါ"

"CEOနဲ့ အဲ့ကောင်လေးနဲ့က ဘယ်လိုပတ်သက်မှုမျိုးလဲ တစ်ချက်လောက်ဖြေပေးပါ"
အဓိကမေးခွန်းပေမို့ သတင်းထောက်အကုန်လုံးရဲ့ အာရုံက မိုးထက်ယံ ပြောလာမယ့် အဖြေစကားဆီမှာ....

"မိတ်ဆွေတွေပါ"

"မိတ်ဆွေတွေက ပုံထဲကလို ဖက်လို့လားဗျာ။အဲ့တာလေး တစ်ချက်ဖြေပေးပါဦး"
လေသံခပ်ငြိမ်ငြိမ်နဲ့ မေးလာတဲ့ တစ်ယောက်က သူ့မေးခွန်းနဲ့မိုးထက်ယံကို အကြပ်ရိုက်နိုင်လိုက်ပြီလို့ ထင်နေပုံပင်...

Life is YouWhere stories live. Discover now