LMSA 4

45.2K 2.9K 50
                                    

Unicode

2010 December

In University,

" ကဲ ဒီ​နေ့​တော့ ဒီ​လောက်ပဲ​နော် ​ကျောင်းစဖွင့်တဲ့​နေ့မလို့ အများကြီးမသင်​တော့ဘူး နှုတ်ဆက်ကြ "
" မင်္ဂလာပါ ဆရာမ ​... ကျေးဇူးတင်ပါတယ်ဆရာမ "
ဆရာမထွက်သွား​တာနှင့်တပြိုင်နက် ခက်ရဲ့ဖုန်းက အသံမြည်လာ​လေသည်။
" Hello "
" Hello ခက် မင်းအဆင်​ပြေလား ... သူငယ်ချင်း​တွေ​ရော ရပြီလား "
" မရ​​သေးပါဘူးကွာ ငါ့​မေမေက သူငယ်ချင်းသိပ်မထားနဲ့လို့​ ပြောထားတာကို "
" အေးပါ ထားပါ​တော့ ​... နေ့လည်ကျရင် ငါမင်းတို့​ကျောင်းကို လာခဲ့မယ် "
" ဘာလာလုပ်မှာလဲ "
" စော်ရှိုး ... အဲ​လေ ... မင်းနဲ့ ထမင်းလာစား​ပေးမလို့​လေ အဟဲဟဲ "
" ခွေး​ကောင် အပို​တွေ​ပြောမ​နေနဲ့ ငါ့​ကျောင်းကကောင်မ​လေး​တွေကို လာ​ကြောင်မလို့မဟုတ်လား "
" မဟုတ်ပါဘူးဆိုကွာ မင်းတစ်​ယောက်ထဲ ထမင်းစား​နေရမှာစိုးလို့ပါ​ဆို "
" တော်စမ်းပါ မလာနဲ့ရတယ် "
" ခက် မင်းကအဲ့လို​နော် ... ငါ့မှာ​တော့ ​ဆေး​ကျောင်းက​နေ ပုသိမ်ကြီးထိ လာရမှာကို "
" ဟေ့​ကောင် မင်းကို ဘယ်သူမှမလာခိုင်းဘူး ... မင်းဘာသာမင်း ဖွန်​ကြောင်ချင်လို့ အ​​ဝေးကြီးလာမှာ​လေ ... မလာနဲ့ ရတယ် ငါတစ်​ယောက်ထဲလဲ စားတတ်တယ် "
" ဒါနဲ့ ခက် မင်းတို့​ကျောင်းက လှလား "
" လှတာ​ပေါ့ဟ ​ကျောင်းအလယ်မှာလဲ ပန်းခြံ​လေးရှိတယ် ... ​ကျောင်း​ရှေ့ ၀င်​ပေါက်နားမှာလဲ ပန်းခြံ​လေးရှိတယ် "
" အဲ့ဒါ​ကြောင့် ငါလာခဲ့မယ်လို့ "
" ခွေး​​ကောင် ဒီဘူတာပဲ လာလာစိုက်​နေတာ မလာနဲ့ "
" လုပ်ပါ ခက်ခက်​လေးကလဲ ခန့်ခန့်က လာချင်လို့ပါဆို "
" အော့​အော့ ရွံလိုက်တာမင်းခန့်ရာ ... မလာပါနဲ့ဆို လာရင် မင်းနဲ့ငါနဲ့ ရှင်ခန်းပြတ်​နော် "
" သေခန်းပြတ်မဟုတ်ဘူးလား "
" အေး မင်းလာရင် ​သေခန်း​ရော ရှင်ခန်း​ရော မ​သေမရှင်ခန်း​ရော ရှိသမျှအခန်း​တွေ အကုန်ပြတ်မှာ "
" ပြီးတာပဲ မလာဘူး မလာဘူး ​နောက်ကျမှ ခန့်ခန့်​လေး​ရေ ခက်ခက်တို့​ကျောင်းကို လာပါအုံးဆိုရင် ​sorry ပဲ​နော် "
" အမ​လေး တစ်သက်လုံးမ​​ခေါ်ဘူး နှာဘူး​ကောင် "
" ခွေး​ကောင် ဒါပဲ "
မင်းခန့်​ ဆောင့်​အောင့်ပြီး ဖုန်းချသွား​တော့ ခက် ရယ်လိုက်​​လေသည်။ တ​အောင့်အကြာ ဖုန်းမြည်လာပြန်၍ ...

Let Me Start Again [Completed]Where stories live. Discover now