LMSA 41

56.3K 2.9K 144
                                    

Unicode

2020 April 2

🎶 အခန်းငယ်ထဲမှာပဲ .... ငါ့တစ်​ယောက်ထဲပါပဲ ...
မင်းပြန်လာမယ့်အချိန် ....
​စောင့်​မျှော်ရင်း​ကြေကွဲ .....
မင်းမရှိပဲ​နေခဲ့ ..... ​နေ့ရက်များစွာထဲ ....
မင်းပြန်လာမယ့်အချိန် .....
တမ်းတရင်း​ကြေကွဲ .....
ဘယ်သူမှမရှိတဲ့ .. ငါ့ရဲ့ဘ၀ဟာ ...
အခန်း ... ကျဥ်း​ထဲ ......
စွန့်လွှတ်ခြင်းနဲ့ .. ​ကျောခိုင်းခြင်းမှာ ... လဲကျခဲ့ ...​..
နေခဲ့ ... တစ်​ယောက်ထဲ ....
မင်းပြန်ခဲ့ပါ​တော့ .. ငါ့မှာမင်းမရှိမဖြစ်လို့ .....
အလင်း​ရောင်မဲ့​နေတဲ့ .. အခန်းမှာ
ငါ့တစ်​ယောက်ထဲမို့ ......
နှစ်​ယောက်တစ်အိပ်မက်​တွေလည်း ....
တစ်စစီကွဲပျက်ကာ ... ငါရူးသွပ် .....
မင်းပြန်ခဲ့ပါ​​တော့ .. ငါ့မှာမင်းမရှိမဖြစ်လို့ .....
အလင်း​ရောင်မဲ့​နေတဲ့ .. အခန်းမှာ
ငါ့တစ်​ယောက်ထဲမို့ ......
နှစ်​ယောက်တစ်အိပ်မက်တွေလည်း ...
တစ်စစီကွဲပျက်ကာ ... ငါရူးသွပ် .....
Baebae ..... 🎶

စစ်တစ်​ယောက် သီချင်းနား​ထောင်ရင်း
မျက်ရည်ကျမိပြန်သည်။

" ခက်ရယ် ...​ မောင့်ဆီကို ဘယ်​တော့မှပြန်လာမှာလဲဟင် ...​ မောင် ...​ မောင်​စောင့်​နေတာခက်ရဲ့ .....ခက်ထွက်သွားတာ ဒီ​နေ့နဲ့ဆိုရင် ၄၅၅ ရက်ရှိသွားပြီ။
​မောင်​လေ ... ခက်ကို​ပြောချင်တဲ့ စကား​တွေအကုန်လုံး တစ်ရက်ကို တစ်မျက်နှာနှုန်းနဲ့​
ရေးထားတယ်။ ခက်​ မောင့်ဆီကိုပြန်လာတဲ့ အချိန်ကျရင် ခက်ကိုဖတ်ပြရ​အောင်လို့​လေ။
ခက်ထွက်သွားပြီး သိပ်မကြာဘူး ​မောင်​​ဆေးရုံတက်လိုက်ရတယ် ခက်သိလား ။ ခက်ကိုလွမ်းလို့ဆိုပြီး အရက်​တွေပဲ ဖိသောက်​နေလို့​လေ။ အဲ့ဒီတုန်းက ​မောင့်ကို ​Daddy တို့က သေပြီလို့ထင်ထားကြတာတဲ့။ ​မောင် မ​သေချင်​သေးဘူး ....​ မောင် ....​မောင်က ခက်ကို မ​တောင်းပန်ရ​သေးပဲနဲ့ ဘာလို့​သေရမှာလဲ ခက်ရဲ့။ အခုဆို ... အခုဆို ...​မောင်တို့ ၂​ ယောက်နာမည်နဲ့ K.S ဆိုတဲ့
company တစ်ခု​ထောင်ထားတယ်။ ပြီး​​တော့ အခုဆိုရင် ​papa နဲ့လည်း ဆက်ဆံ​ရေး အဆင်​ပြေသွားပြီခက်ရဲ့။ ခက်ကိုပဲ .... ခက်ကိုပဲ ..... မောင်လိုအပ်​နေတာပါ။ ခက်ပြန်လာရင် .... ဟောဒီ .. မ​ကောင်းတဲ့အမှတ်တရ​တွေစု​နေတဲ့ တိုက်ခန်းမှာ မ​နေပဲ ​မောင်တို့ ၂​ ယောက်ပဲ သီးသန့်​နေဖို့ အိမ်​လေးတစ်လုံး​ ဆောက်ထား​သေးတယ်။ ခက်ရဲ့နာမည်နဲ့​လေ။ ဒါ​ပေမဲ့ ....ဒါ​ပေမဲ့ .... ခက်ပြန်မလာမချင်း​တော့ ​​မောင် ဒီတိုက်ခန်း​လေးမှာပဲ ​နေ​​မယ်​နော်။ ​မောင့်မှာ ..... မောင့်မှာ .... ခက်နဲ့ပတ်သက်တာဆိုလို့ ခက်​ မောင့်အတွက် ​ရေးထားခဲ့တဲ့ စာ​လေးရယ်၊ ခက်ထားခဲ့တဲ့ လက်စွပ်​လေးရယ်၊ ခက်ရဲ့အ​​ငွေ့အသက်​လေး​တွေ ကျန်​နေ​သေးတဲ့ ဒီအခန်း​လေးရယ်။ ဒါ​လေး​တွေပဲ ... ဒါ​လေး​တွေပဲရှိတာမလို့ ....​ မောင် ...​ မောင် ... ဒီမှာပဲ ​နေ​နေ​သေးတာပါ။ ခက်သာ ... ခက်သာ .. ပြန်လာခဲ့မယ်ဆိုရင် ...​ မောင်တို့ အိမ်အသစ်မှာ​ပြောင်း​နေကြမယ်​နော် ...... မောင် အရမ်းလွမ်း​နေပြီခက်ရဲ့ .... ခက် ဘယ်ကို​ရောက်​နေတာလဲ။ ​ခက်ရှိ​နေနိုင်မယ့် ​​ဆေးရုံ​တွေအကုန်လုံးလိုက်ရှာ​နေတာ ... ခက်ရဲ့အရိပ်​လေးကို​တောင် မ​တွေ့ရဘူး ။ ​မောင် ... မောင် .... ခက်ကိုအရမ်းလွမ်း​နေခဲ့တာ .... ခက်သာ​ မောင့်ဆီပြန်လာမယ်ဆိုရင်...​မောင်လေ ...​မောင် ... ဘာပဲဖြစ်ဖြစ် .. လုပ်​ပေးနိုင်ပါတယ်ခက်ရယ် .... ပုန်း​နေရတာ မပငမပင်ပန်းဘူးလားခက်ရာ ....​ မောင်​လေ...ခက်ရဲ့မျက်နှာ​လေးကို အိပ်မက်ထဲမှာပဲ​ တွေ့​နေရတာ အားမရ​တော့ဘူး ခက်ရဲ့ ...​ မောင် .... ခက်ကို အပြင်မှာ ... ဒူး​ထောက်ပြီး​တော့ပဲဖြစ်ဖြစ် ​တောင်းပန်ချင်လို့ပါ .... ​မောင် ...​မောင်​တောင်းပန်ပါတယ် ခက်ရယ် ... ပြန်ခဲ့​တော့ကွာ .. "

Let Me Start Again [Completed]Where stories live. Discover now