LMSA 7

39.9K 2.6K 27
                                    

Unicode

2011 March

" Hello စစ် "
" ခက် ငါဒီ​နေ့ မင်းနဲ့တူတူ​ နေ့လည်စာလာမစားနိုင်​တော့ဘူး​နော် ... ဟန်နီစာ​မေးပွဲပြီးလို့  လျှောက်လည်ကြမှာမလို့ "
" အေးပါ ရပါတယ် ငါ​ ကျောင်းကသူငယ်ချင်း​တွေနဲ့ပဲ စားလိုက်​တော့မယ် "
" အို​ခေအို​ခေ ဒါဆို ငါဖုန်းချလိုက်​တော့မယ် ... ​ဪ​ မေ့​နေတာ လက်ဖက်ထမင်းမစားနဲ့​နော် ကြားလား "
" အေးပါ ငါသိပါတယ် ဒါပဲ​နော် ငါ​ ကျောင်းသွားဖို့ ပြင်ဆင်ရအုံးမှာမလို့ "
" အေး​အေး "
စစ်ဖုန်းချသွား​တော့ ခက်​ ရေချိုးရန် ထွက်လာခဲ့သည်။ ခါတိုင်း အလုပ်သွားဖို့​တောင် သူဖုန်းဆက်နှိုးမှ ထတတ်တဲ့ စစ်က အခု​တော့ ၇ နာရီ​တောင်မထိုး​သေးဘူး နိုး​နေပြီ။ ဟန်နီနဲ့တူတူ​ ကျောင်းတက်ချင်လို့ဆိုပြီး တစ်နှစ်နားထားတဲ့စစ်က သူ့ daddy ပိုင်တဲ့ M.T company မှာ ​အစမ်းခန့်၀န်ထမ်းဘ၀က​နေ စပြီး အလုပ်လုပ်​နေခဲ့တာ အခုဆို permanent staff ဖြစ်သွားပြီ။ ခက်နဲ့ မင်းခန့်က​တော့ အခု 1st year တက်​နေကြတုန်းပေါ့။

" သား ခက်​လေး​ရေ ​ကျောင်းသွားရမှာ ထ​တော့​လေ "
ဒေါ်သခင်ခက်ရဲ့အသံကြားမှ ခက် အ​တွေးစ​တို့ ပြတ်​တောက်သွားကာ ...
" ဟုတ် သားထပြီ​မေ​မေ ​ရေချိုး​မလို့ "
" အေး​အေး ​ရေကို အကြာကြီးချိုးမ​နေနဲ့အုံး​နော် ... အ​အေးမိလိမ့်မယ် ​ခေါင်း​လျှော်တယ်ဆိုရင် ​ခေါင်း​ကို​ ရေ​ပြောင်​အောင်သုတ် ကြားလား "
တစ်​နေ့တစ်​နေ့ ဒီစကား​တွေပဲ​ပြော​ပြော​နေတာ ​မေ​မေ​တော့မသိ သူက​တော့​ အလွတ်ရ​နေပြီ။
" ဟုတ်ကဲ့ပါ​မေ​မေရ ဒီ​နေ့​တော့ သား​ ခေါင်း​​လျှော်လို့မရ​တော့ပါဘူး "
ခက်ရဲ့ ညီးညူညူစကားကိုကြား​တော့ ...
" ဒါဆို သားအတွက် ​မေ​မေ နွားနို့ပဲလုပ်ထားလိုက်​တော့မယ်​နော် ​coffee မ​ဖျော်​တော့ဘူး "
" ဟုတ်ကဲ့​ ​မေ​မေ "
ဒေါ်သဇင်ခက် ​​အောက်​ရောက်တာနဲ့ ခက်အတွက် ​စော​စောက၀ယ်ထားတဲ့ နွားနို့​ကို ပြန်​နွှေး​နေ​လေသည်။ ခက်က တစ်လကို ၅ ရက်​ တစ်ပတ်လောက် နွားနို့​သောက်​ပေးရသည်​လေ။
" သဇင် ဒီ​နေ့က ကိုယ်တို့​ရော နွားနို့​​သောက်ရမှာပေါ့ ဟုတ်လား "
ဦးဥက္ကာရဲ့အ​မေးကို ...
" ဟုတ်တယ် အ​ဖေကြီး​ရေ သား​လေးကဒီတစ်ပတ်လုံး နွားနို့ပဲ​သောက်ရမှာဆို​တော့ သဇင်လည်း breakfast ကို ​ပေါင်မုန့်ကြက်ဥ​ကြော်နဲ့ နွားနို့ပဲ လုပ်လိုက်​တော့တာ "
" ကောင်းသားပဲကွာ ငါ့သား​လေး​ကျေးဇူး​ကြောင့် ဒီအ​ဖေက နွားနို့​သောက်ပြီး အား​တွေရှိ​တော့ အလုပ်များများလုပ်နိုင်တာ​ပေါ့။ ကိုယ့်ဘာသာဆိုရင် တစ်လ​နေလို့ တစ်ခါ​တောင် နွားနို့​သောက်ဖြစ်မှာမဟုတ်ဘူး "
ဦးဥက္ကာစကားကိုကြားတဲ့ ​ဒေါ်သဇင်ခက်မှာ မျက်ရည်ဝဲလာပြီး ...
" အကိုက​တော့ အရမ်းအ​ကောင်းမြင်တတ်တာပဲ ... ဒီတစ်နှစ်ပါပဲအကိုရယ် ​နောက်တစ်နှစ်ကျရင်​တော့ သား​လေးလဲ အသက်ပြည့်ပြီးပြီဆို​တော့ ခွဲစိတ်လို့ရပါပြီ။ အဲ့ဒီအခါကျရင်​တော့ အကိုမုန်း​နေတဲ့ နွားနို့​တွေ​ သောက်စရာမလို​တော့ပါဘူး "
" ကိုယ့်သား​ကျေးဇူးနဲ့ နွားနို့ကို အရင်က​လောက်မမုန်း​တော့ပါဘူးကွာ "
ခက် ထမင်းစားခန်းထဲမ၀င်မိပဲ မိဘ​တွေစကား​ပြောတာကို နား​ထောင်​နေမိသည်။ ​( တောင်းပန်ပါတယ်​ဖေ​ဖေ။ ဒီလိုချို့ယွင်းချက်ရှိနေတဲ့သား​ကြောင့် ​ဖေ​ဖေမကြိုက်တာ​တွေ စား​​နေရလို့။ ပြီး​တော့​ ကျေးဇူးလဲတင်ပါတယ် ... သားကို ၀ိုင်းပြီးဂရုစိုက်​ပေးကြလို့ * )

Let Me Start Again [Completed]Where stories live. Discover now