LMSA 42

57.7K 2.8K 119
                                    

Unicode

အခု အ​ရေးကြီးတာက ခက် ဘယ်မှာ​နေလဲဆိုတာ သိရဖို့သာ။ ထို့​ကြောင့် ကား​ပေါ်က​နေ ခက်ထွက်လာမယ့်အချိန်ကို ​စောင့်​နေ​လိုက်သည်။

အတန်ကြာ​တော့ ...​ တွေ့ရပါပြီ။ သူ​မျှော်လင့်​နေတဲ့ အရိပ်က​လေး ။ မျက်နှာ​လေးက​တော့ သိပ်မ​​ကောင်းရှာ။ ကြည့်ရတာ ​ဆေးရုံအုပ်က သူ volunteer​ လျှောက်တာကို ငြင်းလိုက်လို့ထင်တယ်။

သူ့​ရှေ့က ဖြတ်သွားတဲ့ ​ကျောပြင်ငယ်​လေးကိုကြည့်ပြီး သက်ပြင်းချမိသည်။ ခက်ရဲ့​ခြေ​ထောက် အခုလိုဖြစ်​နေတယ်ဆိုတာ အရင်က ခွဲစိတ်ပြီး ၂ ရက်​လောက်​နေ​တော့ လမ်း​လျှောက်ခဲ့ရလို့ဆိုတာ ​​ပြေးကြည့်စရာ​တောင်မလို​ပေ။ တကယ်ဆိုရင် ​ခြေ​ထောက်က ခွဲစိတ်ပြီး ၁ လ​လောက်​နေတဲ့အထိ မလှုပ်ရှားပဲ​နေရမှာဖြစ်သည်။

အဲ့ဒီ​နေ့က ဟန်နီနိုင့်​ကြောင့် ခက် ​ဆေးရုံက​နေ သူ့ဆီကိုလာခဲ့တာ​လေ။ ဘယ်​မေ့နိုင်ပါ့မလဲ။ အဲ့ဒီ​နေ့က သူကမ္ဘာပျက်ခဲ့ရတဲ့​နေ့ ဖြစ်ခဲ့တာကိုး .....

ခက်ရဲ့​နောက်က​နေ လိုက်သွားကြည့်​တော့ ခက်က အိမ်အ​သေး​လေးတစ်လုံးထဲကို ၀င်သွားသည်။

( ခက်က အဲ့ဒီ အိမ်ကျဥ်းကျဥ်း​လေးထဲမှာ ​နေ​နေတာလား ....​ ဆေးရုံ​တွေမှာ မလုပ်ရဘူးဆို​တော့ ဘယ်မှာများ အလုပ်လုပ်​နေတာလဲ * )

ခဏ​လောက်​နေပြီးမှ သူလည်း ကား​ပေါ်ကဆင်းပြီး ခက်၀င်သွားတဲ့ အိမ်​လေးထဲကို လိုက်၀င်လိုက်သည်။ ​အထဲ​ရောက်​တော့ ​တွေ့ပါပြီ ဟင်းချက်ဖို့ပြင်​နေတဲ့ ခက်။

" ခက် .... "

" ဘာလာလုပ်တာလဲ "

" မောင် ...​ မောင် ခက်ကို​တွေ့ချင်လို့ လိုက်လာတာ ...​ မောင့်မှာ ...​ မောင့်မှာ ခက်ကိုရှင်းပြစရာ​တွေ ရှိ​နေ​သေးတယ် ... ခက်တို့ကိုလုပ်ကြံခိုင်းတာက .... "

" ငါသိတယ် ... "

" ဘယ်လို .. ခက် .. "

" ငါတို့ကို လုပ်ကြံခိုင်းတာ ဟန်နီနိုင်ဆိုတာ ငါသိတယ် "

" ခက် ... ခက်က ဘယ်လိုလုပ် .... "

" ဘာလို့လဲဆို​တော့ ငါထွက်သွားပြီး​နောက်တစ်​နေ့မှာပဲ မင်းကိုတိုင်ဖို့ ရဲစခန်းကိုသွားခဲ့တာ​​လေ။ အဲ့ဒီမှာပဲ စခန်းမှူးကိုယ်တိုင်က ငါ့ကို ရှင်းပြလိုက်တာ .... ကြံရာပါ​တွေက ဟန်နီနိုင်နဲ့ ဟိုလူ​ ၄​ ယောက်ဆိုတာကို​​ရော ... မင်းနဲ့မသက်ဆိုင်ဘူးဆိုတာကို​ရော "

Let Me Start Again [Completed]Where stories live. Discover now