LMSA 33

46.5K 2.3K 95
                                    

Unicode

စစ်က အိမ်ကိုပြန်မလာသဖြင့် သက်နွယ်တို့ရဲ့ မင်္ဂလာ​ဆောင်ကိုသွားရ​အောင် ဘယ်လိုပြောရမလဲ သူမသိ​တော့​ချေ။ စစ် အိမ်ကိုပြန်မလာတာ ကြာပြီဆို​တော့ company ကိုပဲ လလိုက်သွားရင် ကောင်းမလား ?

​မေ့​နေတာ ... စစ်မှ သူတို့အ​ကြောင်းကို တခြားသူ​တွေ မသိ​စေချင်တာပဲ။ အကယ်၍ သူလိုက်သွားခဲ့မယ်ဆိုရင်​တောင် ပြန်ရသည်က စစ်ရဲ့ ဒီထက်ပိုတဲ့ အမုန်း​​​တွေသာ ဖြစ်​ပေလိမ့်မည်။

စစ်များ ပြန်လာခဲ့ရင်ဟူ​သော ​မျှော်လင့်ချက်​လေးနဲ့ ပြင်ဆင်​ပေးထားတဲ့ မနက်စာ ညစာ​တွေ အကုန်လုံးက ​နေ့တိုင်းလိုလို သွန်ပစ်လိုက်ရသည်သာ။
စစ် တကယ်ပဲ ပြန်မလာ​တော့ဘူးလား ? သူ​တွေး​နေရင်းမှာပင် အိမ်တံခါးဖွင့်သံကြား၍ အပြင်ကို​ ပြေးထွက်လာခဲ့သည်။ တကယ်ကိုပဲ စစ် အိမ်ကိုပြန်လာတာပဲ။ ​

နေ့စဥ်နဲ့အမျှ လွမ်း​နေခဲ့ရ​သော မျက်နှာ​တော်ကို ​မော်ဖူးရ၍ ခက်ရဲ့ စိတ်ထဲမှာ အတိုင်းမသိ ၀မ်းသာသွားရသလို ခက်ထန်မာ​ကြော​နေတဲ့ စစ်​ကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်မိပါသည်။ စစ် သူ့ကို ထပ်ပြီးကွာရှင်းဖို့​​ပြောမှာ​တော့ မဟုတ်​လောက်ဘူးမလား။

" စ .. စစ် ... မနက်ဖြန် သက်နွယ်နဲ့ ဂနိုင်ရဲ့ မင်္ဂလာ​ဆောင်​တဲ့။ အဲ့ဒါ .. အဲ့ဒါ .. မင်းလိုက်အုံးမလားဟင် "

" မလိုက်ဘူး .. မနက်ဖြန် ဟန်နီနဲ့ သွားစရာရှိတယ်။ ပြီး​တော့ မင်းကို ဒီအိမ်ကထွက်သွားပြီ​တောင်ထင်​နေတာ "

" ငါ .. ငါက .. ဘာလို့ထွက်ရမှာလဲ စစ်ရဲ့။ ငါ .. ငါ​ပြောထားတယ်​လေ .. ငါ .. ငါ .. မင်းအနားက ဘယ်​တော့မှ ထွက်မသွားပါဘူးလို့ "

" ဒါဆိုလဲ မင်းသ​ဘောပဲ​လေ။ ဆက်​နေ​နေ​ပေါ့။ ကွာရှင်းဖို့က မင်း လက်မှတ်ထိုး​အောင် လုပ်မယ့်နည်း​တွေ အများကြီးရှိပါ​သေးတယ် "

ပြောပြီးတာနဲ့ စစ် အခန်းထဲကို ၀င်ခဲ့သည်။ ခက်က​တော့ တစ်​နေရာမှာ ငို​နေမှာ​ပေါ့။ သူအခန်းထဲ​ရောက်​တော့ သား​လေးက အိပ်​ပျော်​နေသည်။

" Daddy ရဲ့ သား​လေးက အိပ်​ပျော်​နေတာပဲ။ ​တောင်းပန်ပါတယ်သား ... သားကိုလက်ခံနိုင်​ပေမယ့် သားကို​ မွေး​ပေးတဲ့သူကို​တော့ daddy လက်မခံနိုင်ဘူး ။ daddy သားကို daddy ငယ်ငယ်တုန်းကလိုမျိုး gay​ တွေက ​မွေးတဲ့သားလို့ အ​ပြောမခံ​စေရဘူး။ သားကို​မွေးတဲ့သူက ကွာရှင်းမ​ပေးချင်လဲ daddy က နည်းလမ်းမျိုးစုံသုံးပြီး သူနဲ့ကွာရှင်းပြီးတာနဲ့ သားကို မိစုံဖစုံလို ​နေ​စေရမယ် "

Let Me Start Again [Completed]Where stories live. Discover now