LMSA 23

38.5K 2.2K 65
                                    

Unicode

မနက် ၇ နာရီ​လောက်မှာ ခက်နိုးလာခဲ့သည်။ လူက ​နေမ​ကောင်းချင်သလို ဖြစ်​နေ​သော်လည်း စစ်အတွက် မနက်စာကို​တော့ကိုယ်တိုင်ပြင်​ပေးချင်သဖြင့် အိပ်ရာမှထကာ ​ရေချိုးခန်းထဲသို့ ၀င်သွား​လေသည်။ ​မျက်နှာသစ် ​ရေချိုးပြီး မနက်စာပြင်ဆင်ရန်ထွက်လာခဲ့သည်။

သူများအတွဲ​တွေဆို ဒီအချိန်မှာ honeymoon ထွက်​နေကြပြီဖြစ်​သော်လည်း စစ်က သူ့ကိုမုန်း​နေသဖြင့် honeymoon ထွက်ရန်အတွက် ခက်မှာ မ​တောင်းဆိုရဲ။ စစ်ကိုယ်တိုင်ကလည်း ဒီ​နေ့အလုပ်သွားမှာဟု​ ပြောထားသည်ကိုး ။

စစ်နိုးလာရင် စားရ​အောင် စစ်ကြိုက်တဲ့ ပသျှူးထမင်း​ကြော်နှင့် ​ကော်ဖီ​လေး လုပ်ထားလိုက်သည်။ ​ခက်က အချက်အပြုတ်ကို ဝါသနာထုံသည်မို့ ​မေ​မေ့ဆီက ဟင်းချက်နည်း​တွေကို သင်ယူခဲ့သည်။ ယခုလည်း
စစ်အကြိုက် breakfast ကိုပြင်ပြီး စစ်ကိုနှိုးရန် ထွက်လာခဲ့သည်။

အိပ်ခန်းထဲကို​ရောက်​တော့ စစ်က အိပ်​ပျော်​နေတုန်းပင်။ စစ်အတွက် မျက်နှာသုတ်ပဝါနှင့် သွားတိုက်တံတို့ကို အဆင်သင့်လုပ်ထားလိုက်ပြီး စစ်ကိုနှိုးလိုက်​လေသည်။

" စစ် .. စစ် .. ထ​တော့​လေ။ company သွားရအုံးမှာမလား ? "

" အင် ... အင်းး ဘယ်နှနာရီရှိပြီလဲ ? "

" ၇ နာရီခွဲ​နေပြီ "

ဟုဆို​တော့ စစ် ထလိုက်ပြီး ​ရေချိုးရန်ပြင်​လေသည်။ စစ် ​ရေချိုးခန်းထဲ၀င်သွား​တော့
စစ်အတွက် အင်္ကျီ​တွေကို အဆင်သင့် ထုတ်​ပေးထားလိုက်သည်။ မိမိကို မုန်း​နေမှန်း သိ​သော်လည်း သူ့အတွက်​တော့  လုပ်​ပေးချင်သည်မို့။

ခဏကြာ​တော့ စစ် ​ရေချိုးခန်းထဲက ထွက်လာသည်။ သဘက်​လေးကိုင်ကာ ရပ်​စောင့်​နေသည့် ခက်ကို​တွေ့​တော့ ...

" သွားတိုက်​ဆေး​တွေ ထည့်​ပေးထားတာ မင်းလား ? "

" အင်း ဟုတ်တယ်။ ဘာဖြစ်လို့လဲဟင် "

" နောက်တစ်ခါမထည့်နဲ့။ မင်းလက်နဲ့ထိတဲ့အရာမှန်သမျှ ငါရွံလို့။ အခုချက်ချင်း ငါ့မျက်စိ​ရှေ့ကထွက်သွား မနက်​စော​စောစီးစီးကျက်သ​ရေတုံးတယ် "

Let Me Start Again [Completed]Where stories live. Discover now